Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကလေးဝမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ပျက်စီး

$
0
0

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက ကျေးရွာနှစ်ရွာမှာ မတ်လ ၁၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၆ လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအမိုးလန် ပျက်စီးသွားပါတယ်။

ကလေးဝမြို့ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးဇော်လင်းက “ညနေ လေးနာရီခွဲလောက်က မိနစ်အနည်းငယ်တိုက်တယ်။ မိုးအနည်းငယ်ပါတယ်။ ၅ မိနစ်ခန့်လောက်ပဲ။ အိမ် ၆ လုံးနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတခုနဲ့ သွပ်ချပ်ရေ ၄၄ ချပ် လန်သွားတယ်” လို့ ပြောပါတယ်။

လေတိုက်နှုန်းကတော့ တနာရီ ၁၅ မိုင်လောက်ပဲရှိတယ်လို့ ကလေးဝ မိုးဇလဌာနကို ကိုးကားပြီး ဦးဇော်လင်းက ပြောပါတယ်။

လေပြင်းတွေကြောင့် ကလေးဝတဖက်ကမ်း ကိုင်းကျေးရွာမှာ နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း၊ ခုံကြီးရွာမှာ နေအိမ်တလုံး အမိုးတွေလန်ကာ ပျက်စီးခဲ့ရပြီး အပျက်အစီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ချက်ချင်း လာရောက်စစ်ဆေး ကူညီပေးခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုမှာ ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ပစ္စည်းနဲ့ ငွေထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ – မင်းရဲစစ်နိုင်


Viewing all articles

Trending Articles