Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပြည်နယ်တိုင်း ၁၁ ခုတွင် အချိန်အခါမဟုတ်မိုးရွာ၊ လေပြင်းတိုက်နိုင်

$
0
0

ရန်ကုန်တိုင်း အပါအ၀င် ပြည်နယ်တိုင်း ၁၁ ခုမှာ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မတ် ၂၆ ရက်ကနေ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးတွေ ရွာသွန်းနိုင်တာ ဖြစ်ပါတယိ။

မတ်လ ၂၆ ရက်ကနေ မတ် ၂၈ ရက်အတွင်း  စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်။

ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်လို့  ကြိုတင်သတိပြုကြပါလို့ မိုးလေ၀သသတင်းမှာ ဖော်ပြထားပါတယ်။


Viewing all articles

Trending Articles