Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ပြည်မြို့တွင် လေပြင်းတိုက်၍ ရွှေဆံတော်ဘုရား တန်ဆောင်းပြိုကျ

$
0
0

ပဲခူးတိုင်း၊ ပြည်မြို့မှာ  ဧပြီ ၂ ရက် ညနေ ၄ နာရီလောက်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့လို့ ရွှေဆံတော်ဘုရား ရင်ပြင်ပေါ် အရှေ့တောင်ဒေါင့်ရှိ ဗုဒ္ဓရုပ်ပွားတော်တချို့ ပက်ကြားအက်သွားပြီး တန်ဆောင်းတခုလုံး အရှေ့ဘက်ကို ပြိုလဲ ကျသွားပါတယ်။

တခြားနေရာတချို့မှာလည်း အနည်းငယ်ပျက်စီးခဲ့တယ်လို့ အလှည့်ကျ ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်ကြီးက ပြောပါတယ်။

ပြည်မြို့ထဲမှာလည်း အမိုးလန်တာတွေ၊ သစ်ပင်အိမ်ပိတာတွေ၊ အိမ်ပြိုတာတွေ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  ပရဟိတ အဖွဲ့တွေက လိုက်လံ ရှင်းလင်းပေးခဲ့ပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကိုတော့ တွက်ချက်လို့ မရသေးဘူးလို့ သိရပါတယ်။


Viewing all articles

Trending Articles