Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဆီဆိုင်​မြို့နယ်​တွင် မိုးသက်​​လေပြင်း တိုက်​ခတ်​မှု​ကြောင့် နေအိမ်​​များပျက်​စီး

$
0
0

ရှမ်းပြည်နယ်၊ ဆီဆိုင်​မြို့နယ်၊ ​​နောင်​လုံကျေးရွာမှာ ဧပြီ ၁၇ ရက်​​ မွန်းလွဲပိုင်းက မိုးသက်​​လေပြင်း တိုက်​ခတ်​မှု​ကြောင့် နေအိမ်​ ၄၃ လုံးနဲ့ ဘုန်းကြီး ကျောင်း၊ စာသင်​​ကျောင်းတွေ အမိုး​လန်​ ပျက်​စီးသွားပါတယ်။

လေဘေးကြောင့် ပျက်​စီးဆုံးရှုံးမှုတန်​ဖိုးကို အ​သေးစိတ်​မသိရ​သေးပဲ သက်​ဆိုင်​ရာ​က လာ​ရောက်​စစ်​​ဆေး နေဆဲပဲလို့ ဆီဆိုင်​မြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူး ဦး​အောင်​နိုင်​က ပြောပါတယ်။

“ပျက်​စီးမှုတန်​ဖိုး​တွေ​ ကောက်​​နေတုန်း၊ မ​နေ့က​မှောင်​လည်း​မှောင်​ မိုးလည်းရွာဆို​တော့ မလုပ်​နိုင်​ဘူး။ ဒီ​နေ့ လွှတ်​​တော်​ကိုယ်​စားလှယ်၊ ရုံးအဖွဲ့ ၊ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနဲ့ ဆရာ​တော်​​တွေ ဝိုင်းပြီး သွားရောက် ကောက်​ခံ​နေတယ်​”လို့ ပြောပါတယ်​။

ဒေသခံ ရွာသားတွေကတော့ ​လေပြင်းတိုက်​ခတ်​မှုကြောင့် ဆုံးရှုံးမှုတန်​ဖိုး များနိုင်​​တယ်လို့ ဆိုပါတယ်​။

နောင်​လုံရွာ​ဒေသခံ ဘလွယ်​က “ကျနော်တို့​နေအိမ်​ပျက်​စီးသွားလို့ အခက်​အခဲ ကြုံ​တွေ့ရတာ​ပေါ့။ အိမ်​ပျက်​သွားတဲ့အတွက်​ အိမ်​ပြန်​ပြုပြင်​ဖို့နဲ့ စိုက်​ပျိုး​ရေး အတွက်​ အလုပ်​လုပ်​နိုင်​ဖို့ ခက်​ခဲသွားတယ်”​လို့  ​​ပြောပါတယ်​။

ဒေသအာဏာပိုင်တွေကတော့  ပျက်​စီးမှုတန်​ဖိုး အ​သေးစိတ်​သိရှိရပါက  ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ကို တင်​ပြပြီး ​ထောက်​ပံ့ ပေးသွားမယ်​လို့ ပြောပါတယ်​။

သတင်း- ခွန်ရာဇာ


Viewing all articles

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)