Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

နမ့်စန်မြို့နယ်တွင် အင်အား ၄.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

$
0
0

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှာ မနေ့ညနေက အင်အား ၄.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၃၇ မိနစ်၊ ၂၆ စက္ကန့်အချိန်မှာ ရှမ်းပြည်နယ် နမ့်စန်မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ မိုင်လောက်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၄၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၀၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။


Viewing all articles

Trending Articles