Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကလေးဝမြို့တွင် မြေငလျင်လှုပ်ခတ်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့မှာ ဒီနေ့ နေ့လယ်ပိုင်းက  မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၃) နာရီ ၂၆ မိနစ် ၂၄ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် (၉) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၃၂ ဒီဂရီ၊ အနက် ၅၇ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၃.၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။


Viewing all articles