Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မ​ကွေးမြို့နယ်​၊ ကျစ်​စုံ​ပွေးရွာတွင် အိမ် ၁၃ လုံးမီးလောင်၊ လူ ၆၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

$
0
0

မကွေးတိုင်းဒေသကြီး၊ မ​ကွေးမြို့နယ်​၊ ကျစ်​စုံ​ပွေး​ကျေးရွာမှာ ဧပြီ ၂၁ ရက်​​က မီးကြွင်းမီးကျန်​က  တဆင့် နေအိမ်​ ၁၃ လုံးနဲ့ နွားတင်းကုတ်​ ၄ လုံး မီး​လောင်​ကျွမ်းသွားပါတယ်။

မီးလောင်တာကြောင့် ခန်​မှန်း ကျပ် ၂၇ သိန်းကျပ်​ဖိုးလောက် မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၆၁ဦး  အိုးမဲ့အိမ်​မဲ့ ဖြစ်​ကာ နီးစပ်​ရာ​ဆွေမျိုး​တွေဆီမှာ ​နေထိုင်​ကြရတယ်​လို့ မ​ကွေးတိုင်း​ မီးသတ်​ဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က ပြောပါတယ်။

ကျစ်​စုံ​ပွေး​ကျေးရွာမီးလောင်မှုကို မီးသတ်​တပ်​ဖွဲဝင်​တွေ၊ လူမှု​ရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံတွေက မီးသတ်​ကားနဲ့  ရေသယ်​ယာဉ်​ စုစု​ပေါင်း ၁၂ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ရာ မနက်​ပိုင်း ၁၁ နာရီ ၂၅ မိနစ်​မှာ မီးငြိမ်းသွားခဲ့ပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး မီးအား​ပေါ့ဆစွာ အသုံးပြုခဲ့သူ ဦးလှ​သောင်းကို ​ညောင်​ကန်​နယ်​​မြေရဲစခန်းက မီး​ပေါ့ဆမှု ရာဇသတ်​ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အ​ရေးယူထား ပါတယ်​။

မ​ကွေးမြို့နယ်​မှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်​​ မွန်းလွဲပိုင်းကလည်း ကြို့ပင်​အင်း​ကျေးရွာမှာ မီးကြွင်းမီးကျန်​ကတဆင့် လူ​နေအိမ်​ ၃၂ လုံး မီး​လောင်​ကျွမ်းပြီး လူဦး​ရေ ၁၁၅ ဦး အိုးမဲ့ အိမ်​မဲ့ ဖြစ်​ခဲ့ပါတယ်​။

သတင်း-မင်းထီး


Viewing all articles

Trending Articles