Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ချောက်​မြို့၏အပူချိန်​ ယခင်​တင်​ခဲ့သည့် စံချိန်​​ထိရောက်​ရှိလာ

$
0
0

မ​ကွေးတိုင်း၊ ​ချောက်​မြို့ရဲ့ အပူချိန်​ဟာ မနှစ်က စံချိန်​တင်​ထားခဲ့​တဲ့ စံချိန်​တင်​အပူချိန်​ ၄၆ဒသမ ၄ ဒီဂရီစင်​တီဂရိတ်​ကို ဧပြီ ၂၅ ရက်​​ ည​နေ တိုင်းတာချက်​အရ ​ရောက်​ရှိ​နေပြီလို့ ​ချောက်​မြို့ မိုး​လေဝသနှင့် ဇလ​ဗေဒတိုင်းတာ​ရေးစခန်းက သိရပါတယ်​။

ချောက်မြို့ မိုး​လေဝသ စခန်းမှူး ​ဒေါ်​ဆွေဇင်​ဖြိုးက “ချောက်​မြို့နယ်​ အပူချိန်​ဟာ ၂၀၁၂ ​မေလပိုင်း အချိန်​ကတကြိမ်​ ၂၀၁၆ ဧပြီလမှာ တကြိမ် အမြင့်ဆုံးအပူချိန်​ ၄၆.၄နဲ့ စံချိန်​တင်​ထားခဲ့ပြီး  မ​နေ့က ည​နေတိုင်းတာချက်​အရ ၄၆.၄ ဒီဂရီစင်​တီ ဂရိတ်​ကို ​ရောက်​ရှိ​နေလို့ အရင်​တင်​ထားတဲ့ စံချိန်​ကို ရောက်​သွားပြီ​” လို့ ​ပြောပါတယ်​။

အခုလို စံချိန်​တင် အပူချိန်​​ရောက်​ရှိလာတဲ့အတွက်​ မြို့နယ်​ ကျန်းမာရေး တာဝန်ရှိသူတဦးက “အခုချိန်​ထိ​တော့ အပူ​ကြောင့် ဆေးကုသမှု ခံရတဲ့လူနာ မရှိ​သေးပါဘူး၊​ ချောက်​က ၂၀၁၂ နဲ့ ၂၀၁၆ ​တွေမှာလည်း အပူဒဏ်​ခံခဲ့ရဖူးလို့ ပြည်​သူ​လူထုအ​နေနဲ့ အသိသတိရှိ ​သွားတယ်​ပဲယူစရမှာပဲ။  အပူ​ကြောင့်​ ဖြစ်​တဲ့​ဝေဒနာရှင်​ ခုချိန်​ထိ မရှိ​သေးဘူး။” လို့ ​ပြောပါတယ်​။

ချောက်​မြို့နယ်​ထဲမှာ အပူချိန်တွေ ဆက်တိုက်မြင့်တက်နေလို့ ဒေသခံ လွှတ်​​တော်​ကိုယ်​စား လှယ်တွေနဲ့ တာဝန်​ရှိသူတွေဟာ  ကျန်းမာ​ရေးဌာနနဲ့ ပူး​ပေါင်းပြီး မြို့​ပေါ် ရပ်​ကွက်​တွေမှာ အပူ​ရှောင်​စခန်းတွေ ဖွင့်​လှစ်​​ပေးထား​ပါတယ်​။

သတင်း- ကိုလင်း(​ချောက်​)


Viewing all articles

Trending Articles