ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှာ မြေငလျင် အင်အား ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီ ၂၄ မိနစ် ၂၇ စက္ကန့်အချိန်က နမ့်စန်မြို့ရဲ့ မြောက်ဘက် ၂၁ မိုင်ခန့်အကွာ။ မြောက်လတ္တီတွဒ် ၂၁.၁၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၈၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။