Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အိန္ဒိယတွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့

$
0
0

အိန္ဒိယနိုင်ငံ မဂ္ဂါလေရာပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် ၄ နာရီခွဲ တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အာသံပြည်နယ်ကို ရောက်ရှိကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါတယ်။

ကရင်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

 

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းတွေကျရောက်ကာ လှိုင်းကြီးမှာဖြစ်ပြီး တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေလောက် ရှိနိုင်ပါတယ်။

ဒီနေ့ညနေပိုင်းအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။


Viewing all articles

Trending Articles