Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ညောင်လေးပင်တွင် လေပြင်းကြောင့် နေအိမ်နှင့် လမ်းမီးတိုင်များ ပျက်စီး

$
0
0

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မေ ၁၉ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်တာကြောင့် နေအိမ်ဘုန်းကြီးကျောင်းနဲ့ လမ်းမီးတိုင်တွေ ကျိုးကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြွန်တန်ဆာမြို့၊ ငါးကြီးအိုင်ကျေးရွာမှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၉ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးသွားခဲ့ပြီး လမ်းမီးတိုင် ၁၂ တိုင် ကျိုးကျခဲ့တယ်လို့ ဆိုပါတယ်။

လမ်းမီးတိုင်တွေဟာ ကျေးရွာ မီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထ ဝယ်ယူတည်ဆောက် ခဲ့ကြတာဖြစ်ပြီး လမ်းမီးတိုင်တွေ ကျိုးကျခဲ့တာကြောင့် ကျေးရွာအတွင်း မီးပျတ်တောက်မှုတွေ ကြုံနေရသလို မီးတိုင်ဝယ်ယူစဉ်က တတိုင်ကို သုံးသိန်းလောက် ပေးဝယ်ခဲ့ရတာကြောင့် ပြန်လည်ဝယ်ယူဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့ရာ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံ ဦးမျိုးမြင့်လေး က ပြောပါတယ်။

ဒေသခံ ဦးကျော်လှိုင်က “လေက အရမ်းတိုက်တာဆိုတော့ အိမ်က ပြိုကျခဲ့တယ်။ သားအမိသားအဖ အသက်ဘေးက မနည်းလွတ်အောင်ပြေးခဲ့ရတယ်။ ခုချိန်က ပိုက်ဆံရှားပါးတဲ့ အချိန်ဆိုတော့ အိမ်ပြန်ဆောက်ဖို့ အခက်အခဲဖြစ်နေရတယ်” လို့ ဆိုပါတယ်။

အဲဒီကျေးရွာမှာ လက်ရှိမှာ သောက်သုံးရှားပါးမှုဒဏ် ခံနေရတဲ့ ကျေးရွာတရွာဖြစ်ပြီး ဒေသခံအများစုကလည်း လက်လုပ်လက်စားတွေ ဖြစ်တဲ့အတွက် ပျက်စီးသွားခဲ့တဲ့ အိမ်တွေကို ပြင်ဆင်ဖို့ ငွေကြေးအခက်အခဲရှိနေကြပြီး သက်ဆိုင်ရာဌာနတွေအနေနဲ့ မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ကူညီထောက်ပံ့ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

လေးပြင်းတိုက်ခတ်တာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ ကျော် လောက်ရှိခဲ့ပြီး လူနဲ့ တိရစ္ဆာန်ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်


Viewing all articles

Trending Articles