Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အမေရိကန် တောင်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များတွင် မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွား

$
0
0

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းနဲ့ အလယ်ပိုင်းပြည်နယ်တွေမှာ မေလ ၂၁ ရက်နေ့က မုန်တိုင်းတခုကြောင့် ရာသီဥတု အခြေအနေ ဆိုးရွား ပြင်းထန်နေပါတယ်။

မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းမှာ မုန်တိုင်းအရှိန် အားလျော့သွားပေမယ့် မေလ ၂၃ ရက် ညပိုင်းမှာတော့ နောက်ထပ်မုန်တိုင်းတခု ဝင်နိုင်ချေ ခန့်မှန်းထားတယ်လို့ NWS မိုးလေဝသစင်တာက ပြောပါတယ်။

ကန်းဆက်ပြည်နယ်နဲ့ အိုကလာဟိုးမားပြည်နယ် တလျှောက်ကနေ မစ်ဇူရီပြည်နယ်အထိ မိုးရေချိန် ၂ လက်မအထိ ရွာနိုင်တယ်လို့ အဲဒီ မိုးလေဝသစင်တာက ခန့်မှန်းပါတယ်။

မြစ်ချောင်းတွေမှာ ရေတွေလျှံပြီး ကမ်းပါးပြိုနိုင်တဲ့ အန္တရာယ်တွေကြောင့် ဆင်မရွန် မြစ်တလျှောက်မှာနေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ အဲဒီဒေသတွေမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံ မီဒီယာတွေက ကြေညာပါတယ်။


Viewing all articles

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား