Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကမ်းပါးပြိုမှုကြောင့် အိမ်ခြေ ၁၀ ကျော် ပြောင်းရွှေ့

$
0
0

မကွေးတိုင်း စလင်းမြို့နယ်တွင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီမြစ်ရေကြီးလာပြီး ကမ်းပါးပြိုမှုကြောင့် ဘိုကုန်းနဲ့ရေပေါ်ကျွန်းရွာက အိမ်ခြေ ၁၀ လုံးကျော်ဖျက်ပြီး ပြောင်းရွှေ့ရတယ်လို့ ဘိုကုန်းကျောင်းဆရာတော် ဦးသီရိဓဇ က မိန့်ပါတယ်။

နေအိမ်တွေ ဖျက်ရတဲ့အတွက် နေထိုင်ဖို့ အခက်အခဲဖြစ်နေသလို လုပ်ကိုင် စားသောက်စရာ မြေနေရာမရှိ ဖြစ်နေတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

ကမ်းပါးပြိုမှုဟာ နှစ်စဉ်လိုလို ဖြစ်ပွားနေလို့ နှစ်စဉ် အိမ်တွေ ဖျက်ပြီး ရွှေ့ပြောင်းကြရတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဒီကမ်းပါးပြိုမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်တာဝန်ရှိသူတွေ သွားရောက် လေ့လာခဲ့ပေမယ့် တစုံတရာ ကူညီပေးတာမရှိဘူးလို့ ဆိုပါတယ်။

အလားတူ ရေစကြိုမြို့နယ်ဘက်မှာလည်း ဧရာဝတီကမ်းပါးပြိုမှုတွေ နှစ်စဉ်လိုလို ဖြစ်ပွားနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အသံဖိုင်နားဆင်ရန်


Viewing all articles

Trending Articles