Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ချင်းတွင်းမြစ်ရေတက်လာသဖြင့် ခန္တီးမြို့နယ် ကျေးရွာအချို့ရေကြီးနေ 

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်မှာ မိုးမဆက်မပြတ် ရွာသွန်းနေလို့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက မြင့်တက်လာပြီး ကျေးရွာတချို့မှာ ရေတွေ ၀င်ရောက်လာနေပါတယ်။

ခန္တီးအထက်ပိုင်းဒေသက ရွှေမြင့်မိုရ်ကျေးရွာနဲ့ ဆင်သေကျေးရွာတို့မှာ မြစ်ရေတွေဝင်ရောက်လာလို့ ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ရဖို့ ရှိနေတယ်လို့  ခန္တီးမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးဆေးခိုပေါင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဆင်သေကျေးရွာမှာ ဈေးကတော့ ပြောင်းရွေ့ထားတယ်။ လူနေအိမ်တွေတော့ ပြောင်းရွေ့တာမရှိသေးပါဘူး။ မြစ်ရေဆက်တက်လာရင် ပြောင်းရွေ့ရမယ့် အနေထားတွေရှိတယ်”

ချင်းတွင်းမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၁၂ရက်မနက်ပိုင်းမှာ ၁၂၆၃ စင်တီမီတာကို ရောက်ရှိလာပြီး ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာအထိ ရောက်ရှိဖို့  နီးကပ်လာ နေပါတယ်။  

 


Viewing all articles

Trending Articles