Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေးမြို့မြစ်ရေ  မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

$
0
0

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လေးမြို့မြစ်ရေဟာ ဒီနေ့မြန်မာစံတော်ချိန် ၂ နာရီခွဲ အချိန်တိုင်းထွာချက်အရ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့်ကို ကျော်လွန်ရောက်ရှိနေတယ်လို့  မိုးဇလက ထုတ်ပြန်ပါတယ်။

အဆိုပါမြစ်ရေဟာ နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ မြောက်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။

ကုလားတန်မြစ်ရေဟာလည်း ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ပါတယ်။

ဒါကြောင့် အဆိုပါမြို့နယ်တွေရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။


Viewing all articles

Trending Articles