Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြန်မာနိုင်ငံ၏ ၂၁ ခုမြောက်ဆင်စခန်း မုံရွာမြို့တွင် ဖွင့်လှစ်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဗောဓိတထောင် သာသနာ့နယ်မြေအတွင်းမှာ တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ဗောဓိတထောင်ဆင်စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ 

ဆင်တွေကို ချစ်မြတ်နိုးတတ်လာစေဖို့၊ ခရီးသွားကဏ္ဍ တိုးတက်လာစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေဖို့၊ နိုင်ငံ့ဘဏ္ဍာတိုးတက်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာပါ။

အခုဖွင့်လှစ်လိုက်တဲ့ ဗောဓိတထောင်ဆင်စခန်းက မြန်မာနိုင်ငံရဲ့ ၂၁ ခုမြောက် ဆင်စခန်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း ပျားစွဲဆင်စခန်း၊ နတ်ပေါက်ဆင်စခန်းပြီးရင် တတိယမြောက် ဆင်စခန်းလည်းဖြစ်ပါတယ်။ 

ဒီဆင်စခန်းမှာ တည်ဆင်၊ ဟံဆင်၊ စွယ်စုံ၊ သားထိန်းဆင် စတဲ့ ဆင်အမျိုးအစားတွေ ပါဝင်တဲ့ ဆင် ၇ ကောင်ကိုလည်း ပြသထားပါတယ်။ ဝင်ကြေးအနေနဲ့ တယောက်ကို ၁၀၀၀ ကျပ်သတ်မှတ်ထားပြီး စီးမယ်ဆိုရင် တပတ်ကို ၅ ထောင်ကျပ် သတ်မှတ်ထားပါတယ်။

အာရှဆင်တွေက မသမာသူတွေရဲ့ ပစ်မှတ်ထားရာဖြစ်လာပြီး ဆင်အစွယ်၊ နှာမောင်း၊ အရိုး၊ အရေ၊ အသားတို့ကို တရားမဝင်ရောင်းဝယ်ရေးလုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ အာရှဆင်တွေဟာ စိုးရိမ်ဖွယ်ရာ အခြေအနေတခုအဖြစ် ဆိုက်ရောက်နေပါပြီ။ အချိန်မီထိန်းသိမ်းကာကွယ်ရေးမလုပ်နိုင်ရင် မကြာခင်မှာ မျိုးသုဉ်းသွားမှာ ဖြစ်နိုင်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရမယ်လို့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ဒါကြောင့် ဒီလိုဆင်စခန်းတွေဖွင့်တာက အများပြည်သူအပန်းဖြေရုံသက်သက်သာ မဟုတ်ဘဲ ဆင်တွေရဲ့ နေထိုင်စားသောက်မှုစရိုက်တွေ၊ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုဖော်ဆောင်နေမှုတွေ၊ ခေတ်အဆက်ဆက် ဆင်နဲ့ လူသား သဟဇာတဖြစ်မှုတွေကို လေ့လာသိရှိစေပြီး ဆင်တွေက နိုင်ငံရဲ့ သက်ရှိ သယံဇာတတွေဖြစ်တဲ့အတွက် ဆင်တွေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်လာစေပြီး နိုင်ငံ့သယံဇာတကို ချစ်မြတ်နိုးစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

နောက်ထပ်အနေနဲ့လည်း စစ်ကိုင်းတိုင်းအတွင်းက ဇလုံတောင် ဆင်စခန်း၊ အင်းလေးဆင်စခန်းတွေကိုလည်း ဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။ 

မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ထိန်းသိမ်းမှုအောက်မှာ ဆင်အကောင်ရေ ၃ ထောင်ကျော်ရှိနေပါတယ်။ မုံရွာမြို့အနီးက ဗောဓိတထောင် ဆင်စခန်းဖွင့်ပွဲကိုတော့ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 


Viewing all articles

Trending Articles