Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြို့ ၄ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်၊ သတိပြုနေထိုင်ကြရန် အကြံပြု

$
0
0

ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ ခန္တီး စတဲ့ မြို့ ၄ မြို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့ မွန်းလွန် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်လောက် ဆက်လက်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ကသာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက်  ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေလောက် ဆက်လက်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။

ဒါကြောင့် ရွှေကူမြို့နယ်၊ ကသာမြို့နယ်နဲ့ ခန္တီးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။


Viewing all articles

Trending Articles