Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မိုးစပါးစိုက်ဧက ၁ သိန်းကျော်အတွက် ကင်းတားဆည်က ရေအလုံအလောက်ပေးမည်

$
0
0

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦးစတဲ့ မြို့နယ် ၄ ခုက တောင်သူတွေရဲ့ မိုးစပါးစိုက်ပျိုးဧက ၁ သိန်းကျော်ကို ရေအလုံအလောက် ပေးသွားမယ်လို့ ကင်းတားတမံ ဆည်မြောင်းဦးစီးဌာနက ပြောပါတယ်။

ကင်းတားတမံ ဦးစီးအရာရှိ ဦးထင်ကျော်လင်းက “ပြီးခဲ့တဲ့နှစ်က မိုးခေါင်လို့ ကင်းတားဆည်ကြီးထဲမှာ ရေအားနည်းပေးမယ့် မိုးစပါးစိုက်တောင်သူတွေကို ပျိုးထောင်ရေက စပြီး စပါးအောင်ရေအထိ ရေအလုံအလောက် ပေးသွားမှာပါ။ ကင်းတားဆည်ကြီးက လက်ဝဲ ရေသောက်စနစ်၊ လက်ယာရေသောက်စနစ်၊ ပန်းလောင်ရေသောက်စနစ် စတဲ့ ရေသောက်စနစ် ၃ မျိုးနဲ့ မြို့နယ် ၄ ခုက လယ်ယာတွေကို ရေပေးဝေနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတောင်သူ ကိုကျော်စိုးက “အရင်နှစ်နဲ့ ဒီနှစ်ကတော့ မိုးခေါင်နေတာမို့ ကင်းတားဆည်ရေကိုပဲ အားကိုးပြီး စိုက်ပျိုးနေရတယ်။ နွေစပါးတုန်းက ရိတ်ပြီးပြီးချင်း စပါးအစို တတင်းကို ကျပ် ၅၂၀၀ ရတော့ မဆိုးဖူးပေါ့။ မိုးစပါးစိုက်ဖို့တော့ လုပ်နေပါပြီ အညာမှာ အခုထိလည်း မိုးကောင်းကောင်းမရွာသေးဘူး”လို့ ပြောပါတယ်။

ကင်းတားဆည်ကြီးကနေ  တောင်သူလည်သမားတွေ စိုက်ပျိုးနိုင်ဖို့  ဆည်ရေပေးဝေနေသလို ရေအားလျှပ်စစ်လည်း ထုတ်လုပ်ပေးနေပါတယ်။

သတင်း-မောင်မောင်လင်း


Viewing all articles

Trending Articles