Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

၁၂ နာရီအတွင်း အားကောင်းမုန်တိုင်းငယ်အဖြစ် ရောက်နိုင်၊ လေယာဉ် ရေယာဉ်များကို သတိပေး

$
0
0

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဘလာဆောမြို့ (Blasore) အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ဒီနေ့ ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိသေးလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းငယ်ရဲ့ ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီကို ၄၅ မိုင်နှုန်း ဖြစ်ပါတယ်။

မုန်တိုင်းငယ် (Depression) ရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းမှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၅ ပေခန့်၊ ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက်ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု၊ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။


Zawgyi Version

၁၂ နာရီအတြင္း အားေကာင္းမုန္တိုင္းငယ္အျဖစ္ ေရာက္ႏိုင္၊ ေလယာဥ္ ေရယာဥ္မ်ားကို သတိေပး
DVB

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ ေနာက္ ၁၂ နာရီအတြင္း ပိုမိုအားေကာင္းလာကာ အားေကာင္းတဲ့ မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိႏိုင္ၿပီး အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းေျခကို ဘလာေဆာၿမိဳ႕ (Blasore) အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္မယ္လို႔ မိုးဇလက ဒီေန႔ ထုတ္ျပန္ပါတယ္။

မုန္တိုင္းငယ္ရဲ႕ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္ ဦးတည္ေရြ႕လ်ားမယ့္ အေျခအေန မရွိေသးလို႔ အဝါေရာင္အဆင့္ သတ္မွတ္ထားပါတယ္။

မုန္တိုင္းငယ္ရဲ႕ ဗဟိုခ်က္ေလဖိအား ၉၉၆ ဟက္တိုပါစကယ္နဲ႔ အျမင့္ဆုံး ေလတိုက္ႏႈန္းမွာ တနာရီကို ၄၅ မိုင္ႏႈန္း ျဖစ္ပါတယ္။

မုန္တိုင္းငယ္ (Depression) ရဲ႕ အရွိန္ေၾကာင့္ စစ္ကိုင္းတိုင္း ေအာက္ပိုင္းမွာ ေနရာက်ဲက်ဲ၊ မႏၲေလးတိုင္းမွာ ေနရာစိပ္စိပ္၊ က်န္တိုင္းနဲ႔ျပည္နယ္ေတြမွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္းရြာၿပီး ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေဒသအလိုက္နဲ႔ ေနျပည္ေတာ္၊ တနသၤာရီတိုင္းနဲ႔ ခ်င္းျပည္နယ္တို႔မွာ ေနရာကြက္ မိုးႀကီးၿပီး ေလျပင္းတိုက္ခတ္တာေတြ ျဖစ္ေပၚႏိုင္ပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ မၾကာခဏ မိုးသက္ေလျပင္းမ်ား က်ေရာက္ကာ လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးၿပီး လႈိင္းအျမင့္ ၁၀ ေပမွ ၁၅ ေပခန႔္၊ ေရျပင္/ေျမျပင္ေလဟာ ၁ နာရီကို မိုင္ ၄၀ မွ ၄၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။

မုန္တိုင္းငယ္အရွိန္ေၾကာင့္ ေလျပင္းတိုက္ မိုးသည္းထန္စြာရြာသြန္းၿပီး လွ်ပ္တျပက္ေရႀကီး၊ ေျမၿပိဳတာေတြ ျဖစ္ေပၚႏိုင္လို႔ ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳမႈ၊ ေရႀကီး ေရလွ်ံမႈမ်ား ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ မိုးဇလက တိုက္တြန္းထားပါတယ္။

ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနနဲ႔ ႀကိဳတင္သတိျပဳၾကဖို႔လည္း အႀကံျပဳထားပါတယ္။


Viewing all articles
Browse latest Browse all 3533

Trending Articles


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


တားျမစ္ထားတဲ႔ သီခ်င္းေလးေတြ...


စုိးလြင္ (၂၁၁) (၀မ္ခ) ● သူပုန္တို႔ရဲ႕ဌာနခ်ဳပ္ မာနယ္ပေလာကို ကာကြယ္စို႔


အင္ဂ်င္နီယာဆိုင္ရာစာအုပ္မ်ား (၁၁ အုပ္)


တာခ်ီလိတ္ၿမိဳ႕ အားေခရြာထဲ၌ က်ပ္သိန္းေပါင္း ၁၄၅ သိန္းခန္႔ တန္ဖိုးရွိသည့္...


ဘုရင့္ေနာင္ေက်ာ္ထင္ေနာ္ရထာ နတ္ရြာစံျခင္း


ဦးေအာင္ေဇယ်မွ ကုန္းေဘာင္မင္းဆက္တည္ေဆာက္ျခင္း အစ


ျမန္မာေတြ ၾကည့္႐ႈ အဆင္ေျပမယ့္ ဇာတ္ကား ႐ိုက္ကူးတယ္ ဆုိသူ စံရတီမိုးျမင့္


အရွက္ႀကီးေသာ မိဖုရားႏွင့္ က်ီစားသန္ေသာ ဘုရင္


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ျမန္ေအာင္ၿမိဳ႕နယ္ အင္ပင္- ကေနာင္လမ္း ေရတိုက္စား ပ်က္စီး


TTA Oreo Gapp Installer


ခင္လြန္း - “က်ီးျဖဴ က်ီးမည္း တစ္ေကာင္တည္း”


ထိုင္း-ျမန္မာ နယ္စပ္ ပဋိပကၡ (၂၀၀၃)


မေကြးတုိင္းအတြင္း တကၠသိုလ္ဝင္စာေမးပြဲေျဖခြင့္တင္သူ ယခုႏွစ္တြင္ (၆,၀၀၀)ေက်ာ္...


ရွမ္းကုိးျပည္ တြင္ပါ၀င္ေသာ မုိးညွင္းျပည္ ႏွင့္ မုိးမိတ္ျပည္ ကို ဘုရင့္ေနာင္...


သာယာ၀တီမင္း၏ ေနာက္ကြယ္မွ ရာဇ၀င္သမိုင္းဆုိးမ်ား


တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇ နီး...


တာေနာယကၡ


မေနာမယအိမ္ၿခံေျမေရာင္းနည္း