Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘီးလင်းမြစ်ရေတက်လာ၍ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့

$
0
0

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတဲ့ အတွက် ဘီးလင်းမြို့က လူဦးရေ ၅ ထောင်ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့မနက် တိုင်းတာချက်အရ မွန်ပြည်နယ် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၁၀၃၅ စင်တီမီတာထိ မြင့်တက်နေတာပါ။

မြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေတာကြောင့် ဒေသခံပြည်သူ ၅ ထောင်ကျော်ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပို့ဆောင်ထားတယ်လို့ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က ပြောပါတယ်။ 

ဘီးလင်းမြစ်ရေနဲ့ ဒုံသမိမြစ်ရေမြင့်တက်လာတဲ့အတွက် ဘီးလင်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ၈ ကျောင်းနဲ့ အထက်တန်းကျောင်း ၃ ကျောင်းတို့ကို သြဂုတ်လ ၅ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ကယ်ဆယ်ရေးစခန်း ၂၈ ခုကိုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁၂၅၆ အိမ်ထောင်စုမှ လူဦးရေ ၅၃၅၆ဦ းတို့မှာ ရေဘေးခိုလှုံရေးစခန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ 

အခုနှစ်မှာ အဝေးပြေးလမ်းကို မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေအထိသာ ရေဝင်ရောက်နိုင်ပြီး ပမာဏအနေနဲ့ အရင်နှစ်ထက်ပိုမို များပြားနိုင်ကာ အဝေးပြေးကားလမ်း ပိတ်ဆို့မှုမရှိနိုင်တော့ဘူးလို့ ဘီးလင်းမြို့ ခလရ ၈ ဗိုလ်မှူးဇော်သက်လင်းက ပြောပါတယ်။ 

အခုနှစ်အတွင်းဘီးလင်းမြစ်ရေဟာ ဇူလိုင် ၉ ရက်နေ့က ပထမအကြိမ်၊ ဇူလိုင် ၂၅ ရက်နေ့က ဒုတိယအကြိမ်နဲ့ သြဂုတ် ၇ ရက်နေ့မှာ တတိယအကြိမ်မြောက်အဖြစ် မြင့်တက်ခဲ့တာပါ။ 

မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ချက်အရ  မဒေါက်မြို့၊ ရွှေကျင်မြို့၊ ဘားအံမြို့၊ မြ၀တီမြို့၊ သာပေါင်းမြို့၊ ဘီးလင်း စတဲ့မြို့ ၆ မြို့ရဲ့ မြစ်ရေ  စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

သတင်း – ယူမင်းစိုး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဘီးလင္းျမစ္ေရတက္လာ၍ လူဦးေရ ၅၀၀၀ ေက်ာ္ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕

DVB

ဘီးလင္းျမစ္ေရ စိုးရိမ္ေရအမွတ္ကို ေက်ာ္လြန္ေနတဲ့ အတြက္ ဘီးလင္းၿမိဳ႕က လူဦးေရ ၅ ေထာင္ေက်ာ္ကို ေရေဘးကယ္ဆယ္ေရးစခန္းေတြကို ေျပာင္းေ႐ႊ႕ခဲ့ရတယ္လို႔ သိရပါတယ္။

ဒီေန႔မနက္ တိုင္းတာခ်က္အရ မြန္ျပည္နယ္ ဘီးလင္းျမစ္ေရဟာ ဘီးလင္းၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္အထက္ ၁၀၃၅ စင္တီမီတာထိ ျမင့္တက္ေနတာပါ။

ျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္ေနတာေၾကာင့္ ေဒသခံျပည္သူ ၅ ေထာင္ေက်ာ္ကို ေရေဘးကယ္ဆယ္ေရးစခန္းေတြကို ေျပာင္းေ႐ႊ႕ပို႔ေဆာင္ထားတယ္လို႔ ဘီးလင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးလွထြဋ္က ေျပာပါတယ္။

ဘီးလင္းျမစ္ေရနဲ႔ ဒုံသမိျမစ္ေရျမင့္တက္လာတဲ့အတြက္ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ မူလတန္းေက်ာင္း ၈ ေက်ာင္းနဲ႔ အထက္တန္းေက်ာင္း ၃ ေက်ာင္းတို႔ကို ၾသဂုတ္လ ၅ ရက္ေန႔ကစၿပီး ယာယီပိတ္ထားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကယ္ဆယ္ေရးစခန္း ၂၈ ခုကိုဖြင့္လွစ္ထားၿပီး အိမ္ေထာင္စု ၁၂၅၆ အိမ္ေထာင္စုမွ လူဦးေရ ၅၃၅၆ဦ းတို႔မွာ ေရေဘးခိုလႈံေရးစခန္းကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အခုႏွစ္မွာ အေဝးေျပးလမ္းကို ျမႇင့္တင္ျခင္းလုပ္ငန္းေတြ ေဆာင္႐ြက္ထားတဲ့အတြက္ ၿမိဳ႕ေပၚရပ္ကြက္ေတြအထိသာ ေရဝင္ေရာက္ႏိုင္ၿပီး ပမာဏအေနနဲ႔ အရင္ႏွစ္ထက္ပိုမို မ်ားျပားႏိုင္ကာ အေဝးေျပးကားလမ္း ပိတ္ဆို႔မႈမရွိႏိုင္ေတာ့ဘူးလို႔ ဘီးလင္းၿမိဳ႕ ခလရ ၈ ဗိုလ္မႉးေဇာ္သက္လင္းက ေျပာပါတယ္။

အခုႏွစ္အတြင္းဘီးလင္းျမစ္ေရဟာ ဇူလိုင္ ၉ ရက္ေန႔က ပထမအႀကိမ္၊ ဇူလိုင္ ၂၅ ရက္ေန႔က ဒုတိယအႀကိမ္နဲ႔ ၾသဂုတ္ ၇ ရက္ေန႔မွာ တတိယအႀကိမ္ေျမာက္အျဖစ္ ျမင့္တက္ခဲ့တာပါ။

မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ခ်က္အရ  မေဒါက္ၿမိဳ႕၊ ေ႐ႊက်င္ၿမိဳ႕၊ ဘားအံၿမိဳ႕၊ ျမ၀တီၿမိဳ႕၊ သာေပါင္းၿမိဳ႕၊ ဘီးလင္း စတဲ့ၿမိဳ႕ ၆ ၿမိဳ႕ရဲ႕ ျမစ္ေရ  စိုးရိမ္ေရမွတ္အထက္ ေက်ာ္လြန္ေနတယ္လို႔ သိရပါတယ္။

သတင္း – ယူမင္းစိုး


Viewing all articles
Browse latest Browse all 3533

Trending Articles