Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရေဘေးကြောင့် လူ ၈၀ ကျော်သေဆုံး၊ လူပေါင်း ၂၀၀၀၀ ကျော် တိမ်းရှောင်နေရ 

$
0
0

မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုတွေကြောင့်  ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုမှာ လူပေါင်း ၂၀၀၀၀ ကျော် ရေဘေးရှောင်နေရတယ်လို့  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပဲခူး၊ တနင်္သာရီ၊ မကွေးနဲ့ မန္တလေးတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ မနေ့ကအထိ လူပေါင်း ၂၃၀၀၀ ကျော် ရေဘေးရှောင်နေရတာဖြစ်ပြီး ပဲခူးတိုင်းမှာ လူပေါင်း ၉၈၀၀ ကျော် ရေဘေးရှောင်နေရပါတယ်။ ပြီးတော့ မွန်ပြည်နယ်မှာ ၄၇၀၀ ကျော်နဲ့ ကရင်ပြည်နယ်မှာတော့ ၃၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ကနေစလို့ ကယားနဲ့ ရှမ်းပြည်နယ်ကလွဲပြီး တနိုင်ငံလုံးမှာ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၂ သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့လည်း ဌာနက ထုတ်ပြန်ထားပါတယ်။

အိမ်ပေါင်း ၂၂၀ ကျော်ဟာ လုံးဝ ပျက်စီးခဲ့ပြီး ကချင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှာ အများဆုံး ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရေဘေးနဲ့ မြေပြိုတာတွေကြောင့် မွန်ပြည်နယ်မှာ ၇၃ ယောက်၊ တနင်္သာရီတိုင်းမှာ ၆ ယောက်၊ မကွေးတိုင်းမှာ ၂ ယောက်၊ ကချင်နဲ့ မန္တလေးတိုင်းတို့မှာ ၁ ယောက်စီ သေဆုံးခဲ့ပြီး စုစုပေါင်း ၈၃ ယောက်သေဆုံး၊ ဒဏ်ရာရသူ ၄၉ ယောက် ရှိပါတယ်။


ပိုင်စိုး






Viewing all articles

Trending Articles


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


စနေမင်း နှင့် တနင်္ဂနွေမင်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


လာဘ်ပေး ရန်မလို


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


ဂျပန်နာမည်ကြီး အပြာမင်းသားကြီးနဲ့ ကိစ္စ သင်ဇာဝင့်ကျော်ပြောပြီ…..


TTA Oreo Gapp Installer


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)