အမေဇုန် မိုးသစ်တောတွေကို ကာကွယ်ဖို့ ဘရာဇီးနိုင်ငံတွင်း တိုင်းရင်းသား လူမျိုးစု ဆန္ဒပြသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ကြီး ဂရင်းပိစ်တို့ ပူးပေါင်းကာ ရီယိုဒီဂျနေရိုမြို့ရဲ့ လမ်းတွေပေါ်မှာ သြဂုတ် ၂၅ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဘရာဇီးနိုင်ငံတွင်း အမေဇုန် မိုးသစ်တောတွေကို ကာကွယ်ဖို့ သမ္မတ ယိုင်ဘော့စိုနာရိုကို ဆော်သြခဲ့ကြပါတယ်။
ဘရာဇီး သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရီကာဒိုဆဲလက်စ် ထွက်သွားလို့လည်း ဟစ်ကြွေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အမေဇုန်အတွက် ဆုတောင်းပွဲကိုလည်း ဦးဆောင်ခဲ့ပါတယ်။
အမေဇုန် တောမီးဟာ တကမ္ဘာလုံးကို သက်ရောက်လိမ့်မယ်လို့ ရီယိုပြည်နယ် တက္ကသိုလ်ကို ခွဲတမ်းစနစ်နဲ့ တက်ခွင့်ရတဲ့ ပထမဆုံး တိုင်းရင်းသား မိုက်ကယ် ဘားရန့် ကန်ဟာက ပြောပါတယ်။
“ဒါတွေအားလုံး ရပ်ဖို့လိုပြီ၊ ဘရာဇီးတနိုင်ငံလုံးနီးပါး ဖွတ်ဖွတ်ကြေနေပြီ၊ အခု အမေဇုန်ကိုပါ ပြန့်ပွားလာပြီ။ အမေဇုန်ပါ ပျက်စီးလိမ့်မယ်။ နောက်ဆက်တွဲ ဖြစ်ရပ်တွေဟာ ဘရာဇီးနိုင်ငံသားတွေအတွက်သာ မဟုတ်ဘူး၊ ကမ္ဘာပေါ်က လူတွေ အားလုံးအတွက်ပဲ။”
အမေဇုန်တောမီးကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ မာတိုဂရော့စ်ကို ပြည်နယ်ထဲက တိုင်းရင်းသားနယ်မြေတွေလည်း ပျက်စီးနေတာ မြင်ရပါတယ်။
ရွန်ဒိုနီယာ ပြည်နယ်ထဲမှာ လောင်နေတဲ့ တောမီးကို ဘရာဇီး စစ်လေယာဉ်တွေက ကူညီ ငြှိမ်းသတ်နေပါတယ်။
ကမ္ဘာ့အကြီးဆုံး မိုးသစ်တောလည်း ဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနှုန်းကြောင့် ကမ္ဘာ့အဆုတ်ကြီးလို့ တင်စားထားတဲ့ အမေဇုန်တောမီးလောင်မှုအတွက် တကမ္ဘာလုံးက အုတ်အော်သောင်းတင်း ဝေဖန်နေကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အေမဇုန္ မိုးသစ္ေတာ ကာကြယ္ေရး ဘရာဇီးတြင္ ဆႏၵျပ
အေမဇုန္ မိုးသစ္ေတာေတြကို ကာကြယ္ဖို႔ ဘရာဇီးႏိုင္ငံတြင္း တိုင္းရင္းသား လူမ်ိဳးစု ဆႏၵျပသူေတြနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႕ႀကီး ဂရင္းပိစ္တို႔ ပူးေပါင္းကာ ရီယိုဒီဂ်ေန႐ိုၿမိဳ႕ရဲ႕ လမ္းေတြေပၚမွာ ၾသဂုတ္ ၂၅ ရက္က ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။
ဘရာဇီးႏိုင္ငံတြင္း အေမဇုန္ မိုးသစ္ေတာေတြကို ကာကြယ္ဖို႔ သမၼတ ယိုင္ေဘာ့စိုနာ႐ိုကို ေဆာ္ၾသခဲ့ၾကပါတယ္။
ဘရာဇီးသဘာဝပတ္ဝန္းက်င္ဝန္ႀကီး ရီကာဒိုဆဲလက္စ္ ထြက္သွားလို႔လည္း ဟစ္ေႂကြးခဲ့ၾကပါတယ္။ ဆႏၵျပသူေတြဟာ အေမဇုန္အတြက္ ဆုေတာင္းပြဲကိုလည္း ဦးေဆာင္ခဲ့ပါတယ္။
အေမဇုန္ ေတာမီးဟာ တကမာၻလုံးကို သက္ေရာက္လိမ့္မယ္လို႔ ရီယိုျပည္နယ္ တကၠသိုလ္ကို ခြဲတမ္းစနစ္နဲ႔ တက္ခြင့္ရတဲ့ ပထမဆုံး တိုင္းရင္းသား မိုက္ကယ္ ဘားရန႔္ ကန္ဟာက ေျပာပါတယ္။
“ဒါေတြအားလုံး ရပ္ဖို႔လိုၿပီ၊ ဘရာဇီးတႏိုင္ငံလုံးနီးပါး ဖြတ္ဖြတ္ေၾကေနၿပီ၊ အခု အေမဇုန္ကိုပါ ျပန႔္ပြားလာၿပီ။ အေမဇုန္ပါ ပ်က္စီးလိမ့္မယ္။ ေနာက္ဆက္တြဲ ျဖစ္ရပ္ေတြဟာ ဘရာဇီးႏိုင္ငံသားေတြအတြက္သာ မဟုတ္ဘူး၊ ကမာၻေပၚက လူေတြ အားလုံးအတြက္ပဲ။”
အေမဇုန္ေတာမီးကို ေဝဟင္ကေန ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြထဲမွာ မာတိုဂေရာ့စ္ကို ျပည္နယ္ထဲက တိုင္းရင္းသားနယ္ေျမေတြလည္း ပ်က္စီးေနတာ ျမင္ရပါတယ္။
႐ြန္ဒိုနီယာ ျပည္နယ္ထဲမွာ ေလာင္ေနတဲ့ ေတာမီးကို ဘရာဇီး စစ္ေလယာဥ္ေတြက ကူညီ ျငႇိမ္းသတ္ေနပါတယ္။
ကမာၻ႔အႀကီးဆုံး မိုးသစ္ေတာလည္း ျဖစ္ၿပီး ႏွစ္စဥ္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ စုပ္ယူႏႈန္းေၾကာင့္ ကမာၻ႔အဆုတ္ႀကီးလို႔ တင္စားထားတဲ့ အေမဇုန္ေတာမီးေလာင္မႈအတြက္ တကမာၻလုံးက အုတ္ေအာ္ေသာင္းတင္း ေဝဖန္ေနၾကပါတယ္။