Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ရွှေဘိုမြို့တွင် အင်အား ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

$
0
0

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဩဂုတ် ၃၁ ရက်နေ့ ညက အင်အား ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၃၁ ရက်နေ့ ည ၂၁ နာရီ၊ ၃၉ မိနစ်၊ ၂၂  စက္ကန့်အချိန်မှာ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၇၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၅၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်တင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကို စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ မုံရွာ၊ ကျွန်းလှ၊ မင်းကင်း၊ ဝက်လက်၊ အရာတော်၊ ဒီပဲယင်း စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာလည်း သိသိသာသာ ခံစားခဲ့ရပါတယ်။ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု အနေအထားတွေတော့ မသိရသေးပါဘူး။

ဒီနေ့မနက် ၇ နာရီ၊ ၄၁ မိနစ်၊ ၅၆ စက္ကန့်အချိန်ကလည်း ရေဦးမြို့ရဲ့ မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၃ ဒီဂရီ၊ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေ႐ႊဘိုၿမိဳ႕တြင္ အင္အား ၆ ဒသမ ၀ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕မွာ ဩဂုတ္ ၃၁ ရက္ေန႔ ညက အင္အား ၆ ဒသမ ၀ အဆင့္ရွိ ေျမငလ်င္တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလက သတင္းထုတ္ျပန္ပါတယ္။

ၾသဂုတ္ ၃၁ ရက္ေန႔ ည ၂၁ နာရီ၊ ၃၉ မိနစ္၊ ၂၂  စကၠန္႔အခ်ိန္မွာ ေ႐ႊဘိုၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၁၄ မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ ၂၂.၇၃ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၅.၅၆ ဒီဂရီ၊ အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၆ ဒသမ ၀ အဆင့္ရွိ အင္အားအသင့္တင့္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ သိရပါတယ္။

ငလ်င္လႈပ္ခတ္မႈကို စစ္ကိုင္းတိုင္းအတြင္းရွိ ေ႐ႊဘို၊ မုံ႐ြာ၊ ကြၽန္းလွ၊ မင္းကင္း၊ ဝက္လက္၊ အရာေတာ္၊ ဒီပဲယင္း စတဲ့ၿမိဳ႕နယ္ေတြအျပင္ တျခားၿမိဳ႕နယ္ေတြမွာလည္း သိသိသာသာ ခံစားခဲ့ရပါတယ္။ ငလ်င္လႈပ္ခတ္မႈနဲ႔ ပတ္သက္လို႔ ပ်က္စီးဆုံးရႈံးမႈ အေနအထားေတြေတာ့ မသိရေသးပါဘူး။

ဒီေန႔မနက္ ၇ နာရီ၊ ၄၁ မိနစ္၊ ၅၆ စကၠန္႔အခ်ိန္ကလည္း ေရဦးၿမိဳ႕ရဲ႕ ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ ၂၂.၈၆ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၅.၄၃ ဒီဂရီ၊ အနက္ ၁၅ ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္)တာ စေကး ၃ ဒသမ ၈ အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။


Viewing all articles
Browse latest Browse all 3533

Trending Articles