Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မြောက်ကယ်ရိုလိုင်းနားတွင် ဟာရီကိန်းမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်း ဝင်ရောက်

$
0
0

အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားက ကယ်ရိုလိုင်းနား ကမ်းခြေဒေသမှာ စက်တင်ဘာလ ၆ ရက်နေ့က ဟာရီကိန်းမုန်တိုင်း ဒိုရီယန် အရှိန်ကြောင့်  လေဆင်နှာမောင်းဝင်ခဲ့ပြီး အိမ်ခေါင်မိုးတွေနဲ့ မှန်ပြတင်းတွေ ပျက်စီးခဲ့ပါတယ်။  

စက်တင်ဘာ ၅  ရက်နေ့ အစောပိုင်းကတည်းက ဟာရီကိန်း ဒိုရီယန်ဟာ တောင်နဲ့မြောက် ကယ်ရိုလိုင်းနား ပြည်နယ် နှစ်ခုကို ဝင်ရောက်ခဲ့ပြီး  ကမ်းရိုးတန်းမြို့တွေမှာ ရေကြီးခဲ့ပါတယ်။  

ဒိုရီယန် အရှိန်ကြောင့် လေဆင်နှာမောင်း ဒါဇင်ကျော် တိုက်ခတ်ခဲ့ပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပါတယ်။ 

ဟာရီကိန်းကို စိတ်မပူပေမယ့် အခုအခါ လေဆင်နှာမောင်းကိုတော့ စိတ်ပူမိတယ်လို့ ကယ်ရိုလိုင်းနား ကမ်းခြေဒေသခံတဦးက  ပြောပါတယ်။ 

ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ကြောင့် ကယ်ရိုလိုင်းနားမှာ ဖြစ်တဲ့ အပျက်အစီးဟာ  ဘဟားမားကြုံတွေ့တာထက် အများကြီး နည်းပါးပါတယ်။ 

ဘဟားမားကျွန်းနိုင်ငံမှာ  ဒိုရီယန်ကြောင့် သေဆုံးသူ ၃၀ အထိ မြင့်တက်ခဲ့ပြီး  လူ ၇ သောင်း ထက်မနည်း အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေျမာက္ကယ္႐ိုလိုင္းနားတြင္ ဟာရီကိန္းမုန္တိုင္းအရွိန္ေၾကာင့္ ေလဆင္ႏွာေမာင္းဝင္ေရာက္

အေမရိကန္ႏိုင္ငံ ေျမာက္ကယ္႐ိုလိုင္းနားက ကယ္႐ိုလိုင္းနား ကမ္းေျခေဒသမွာ စက္တင္ဘာလ ၆ ရက္ေန႔က ဟာရီကိန္းမုန္တိုင္း ဒိုရီယန္ အရွိန္ေၾကာင့္  ေလဆင္ႏွာေမာင္းဝင္ခဲ့ၿပီး အိမ္ေခါင္မိုးေတြနဲ႔ မွန္ျပတင္းေတြ ပ်က္စီးခဲ့ပါတယ္။

စက္တင္ဘာ ၅  ရက္ေန႔ အေစာပိုင္းကတည္းက ဟာရီကိန္း ဒိုရီယန္ဟာ ေတာင္နဲ႔ေျမာက္ ကယ္႐ိုလိုင္းနား ျပည္နယ္ ႏွစ္ခုကို ဝင္ေရာက္ခဲ့ၿပီး  ကမ္း႐ိုးတန္းၿမိဳ႕ေတြမွာ ေရႀကီးခဲ့ပါတယ္။

ဒိုရီယန္ အရွိန္ေၾကာင့္ ေလဆင္ႏွာေမာင္း ဒါဇင္ေက်ာ္ တိုက္ခတ္ခဲ့ၿပီး သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ရပါတယ္။

ဟာရီကိန္းကို စိတ္မပူေပမယ့္ အခုအခါ ေလဆင္ႏွာေမာင္းကိုေတာ့ စိတ္ပူမိတယ္လို႔ ကယ္႐ိုလိုင္းနား ကမ္းေျခေဒသခံတဦးက  ေျပာပါတယ္။

ဟာရီကိန္းမုန္တိုင္း ဒိုရီယန္ေၾကာင့္ ကယ္႐ိုလိုင္းနားမွာ ျဖစ္တဲ့ အပ်က္အစီးဟာ  ဘဟားမားႀကဳံေတြ႕တာထက္ အမ်ားႀကီး နည္းပါးပါတယ္။

ဘဟားမားကြၽန္းႏိုင္ငံမွာ  ဒိုရီယန္ေၾကာင့္ ေသဆုံးသူ ၃၀ အထိ ျမင့္တက္ခဲ့ၿပီး  လူ ၇ ေသာင္း ထက္မနည္း အေရးေပၚ အကူအညီေတြ လိုအပ္ေနတယ္လို႔ သိရပါတယ္။


Viewing all articles
Browse latest Browse all 3533

Trending Articles