Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဟာရီကိန်းမုန်တိုင်းကြောင့် ဘဟားမားတွင် သေဆုံးသူ ၄၃ ဦးရှိပြီ

$
0
0

ဟာရီကိန်းမုန်တိုင်း ဒိုရီယံ ဝင်ရောက်မွှေနှောက်ပြီးနောက် ဘဟားမားကျွန်းစုနိုင်ငံမှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၄၃ ယောက်ရှိလာပြီလို့ ဘီဘီစီသတင်းဌာနမှာ ဖော်ပြပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က လူ ၂၉၀ ကို ကယ်ဆယ်ထားတယ်လို့ စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောပါတယ်။

အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယံ ဖြတ်ကျော် ဝင်ရောက်အပြီးမှာတော့  ဘဟားမားကျွန်းနေရာ တော်တော်များများမှာ မိုင်ချီ ရေကြီးရေလျှံနေပြီး နေအိမ်တွေ တစစီ ပျက်စီးခဲ့တဲ့အပြင် လူတွေလည်း ပျောက်ဆုံးနေပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မှာ ကမ်းခြေစောင့်တပ်ဖွဲ့က လေကြောင်းကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ အပျက်အစီးတွေ စုပုံနေတာကို တွေ့ရပါတယ်။  မုန်တိုင်းပြီးနောက် သောင်းချီတဲ့ ဒေသခံတွေဟာ အစားအစာနဲ့ တခြား အထောက်အပံ့တွေ လိုအပ်နေတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက ခန့်မှန်းပါတယ်။ 

ဟာရီကိန်းမုန်တိုင်း ဒိုရီယံဟာ မုန်တိုင်းအင်အား အဆင့် ၅၊ ၁ နာရီကို အများဆုံး လေတိုက်နှုန်း ၂၂၀ မိုင်နှုန်းနဲ့ ဘဟားမားကျွန်းကို စက်တင်ဘာ ၂ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။

မုန်တိုင်း ဒိုရီယံဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက မှတ်တမ်းတင်ထားသမျှထဲမှာ ဒုတိယအကြီးဆုံး အင်အားပြင်း ဟာရီကိန်း မုန်တိုင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် ဘဟားမားကျွန်းပေါ်က နေအိမ်ပေါင်း ၁၃၀၀၀ ကျော် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဖက်ဒရေးရှင်း ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ ဟာရီကိန်းမုန်တိုင်း ဒိုရီယံဟာ ၁ နာရီကို အများဆုံး လေတိုက်နှုန်း မိုင် ၉၀ ကျော်နှုန်းနဲ့ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဆီကို ဆက်ရွေ့လျားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဟာရီကိန္းမုန္တိုင္းေၾကာင့္ ဘဟားမားတြင္ ေသဆုံးသူ ၄၃ ဦးရွိၿပီ

ဟာရီကိန္းမုန္တိုင္း ဒိုရီယံ ဝင္ေရာက္ေမႊေႏွာက္ၿပီးေနာက္ ဘဟားမားကြၽန္းစုႏိုင္ငံမွာ ကယ္ဆယ္ေရးေတြ ဆက္လုပ္ေနၿပီး လက္ရွိအခ်ိန္အထိ ေသဆုံးသူ ၄၃ ေယာက္ရွိလာၿပီလို႔ ဘီဘီစီသတင္းဌာနမွာ ေဖာ္ျပပါတယ္။

အေမရိကန္ ကမ္းေျခေစာင့္တပ္ဖြဲ႕က လူ ၂၉၀ ကို ကယ္ဆယ္ထားတယ္လို႔ စက္တင္ဘာလ ၆ ရက္ေန႔မွာ ေျပာပါတယ္။

အားျပင္းတဲ့ ဟာရီကိန္းမုန္တိုင္း ဒိုရီယံ ျဖတ္ေက်ာ္ ဝင္ေရာက္အၿပီးမွာေတာ့  ဘဟားမားကြၽန္းေနရာ ေတာ္ေတာ္မ်ားမ်ားမွာ မိုင္ခ်ီ ေရႀကီးေရလွ်ံေနၿပီး ေနအိမ္ေတြ တစစီ ပ်က္စီးခဲ့တဲ့အျပင္ လူေတြလည္း ေပ်ာက္ဆုံးေနပါတယ္။

စက္တင္ဘာလ ၆ ရက္ေန႔မွာ ကမ္းေျခေစာင့္တပ္ဖြဲ႕က ေလေၾကာင္းကေန ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္မွာ အပ်က္အစီးေတြ စုပုံေနတာကို ေတြ႕ရပါတယ္။  မုန္တိုင္းၿပီးေနာက္ ေသာင္းခ်ီတဲ့ ေဒသခံေတြဟာ အစားအစာနဲ႔ တျခား အေထာက္အပံ့ေတြ လိုအပ္ေနတယ္လို႔ အကူအညီေပးေရး ေအဂ်င္စီေတြက ခန႔္မွန္းပါတယ္။

ဟာရီကိန္းမုန္တိုင္း ဒိုရီယံဟာ မုန္တိုင္းအင္အား အဆင့္ ၅၊ ၁ နာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း ၂၂၀ မိုင္ႏႈန္းနဲ႔ ဘဟားမားကြၽန္းကို စက္တင္ဘာ ၂ ရက္ေန႔က ဝင္ေရာက္တိုက္ခတ္ခဲ့တာပါ။

မုန္တိုင္း ဒိုရီယံဟာ အတၱလႏၲိတ္သမုဒၵရာထဲက မွတ္တမ္းတင္ထားသမွ်ထဲမွာ ဒုတိယအႀကီးဆုံး အင္အားျပင္း ဟာရီကိန္း မုန္တိုင္းအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

မုန္တိုင္းဒဏ္ေၾကာင့္ ဘဟားမားကြၽန္းေပၚက ေနအိမ္ေပါင္း ၁၃၀၀၀ ေက်ာ္ ဆိုးဆိုး႐ြား႐ြား ပ်က္စီးခဲ့တယ္လို႔ အျပည္ျပည္ဆိုင္ရာ ဖက္ဒေရးရွင္း ၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႕က ေျပာပါတယ္။

လက္ရွိမွာေတာ့ ဟာရီကိန္းမုန္တိုင္း ဒိုရီယံဟာ ၁ နာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း မိုင္ ၉၀ ေက်ာ္ႏႈန္းနဲ႔ ကေနဒါႏိုင္ငံ အေရွ႕ဘက္ကမ္း႐ိုးတန္းဆီကို ဆက္ေ႐ြ႕လ်ားေနတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။


Viewing all articles
Browse latest Browse all 3533

Trending Articles


ျမန္ေအာင္ၿမိဳ႕နယ္ အင္ပင္- ကေနာင္လမ္း ေရတိုက္စား ပ်က္စီး


ေရႊအျမဳေတစာေပဆု ဘယ္သူေတြရမလဲခန္မွန္းၿပီး စာအုပ္လက္ေဆာင္ေတြ ယူလိုရတဲ့ အစီအစဥ္


ဆရာလြတ္ အဂၤလိပ္စာေရးနည္း ႏွင့္ Essay, Letter စာအုပ္


ဟာဂ်ီမ ပ်ဥ္းမနားေဒၚပုရဲ႕ (ယေန႔ ကာလ တန္ေၾကး သိန္းေပါင္း ႏွစ္ေသာင္းေက်ာ္ဖိုး)...


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဒုတိယအႀကိမ္ေျမာက္ တာခ်ီလိတ္ၿမိဳ႕နယ္လံုးဆိုင္ရာ ဆင့္ပြားဓမၼစကူးလ္...


ျပည္မင္းသား၏ သားေတာ္ ျပည္ထိပ္တင္တုတ္ အေၾကာင္း


တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇ နီး...


အရွက္ႀကီးေသာ မိဖုရားႏွင့္ က်ီစားသန္ေသာ ဘုရင္


အင္တာနက္ မင္းသမီး မျဖစ္ေစဖုိ႔ (မိန္းကေလးမ်ား ဖတ္ေပးပါရန္)