ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လူငယ် တက်ကြွလှုပ်ရှားသူတွေက ရာသီဥတု ပြောင်းလဲမှုဒဏ်ကနေ ကမ္ဘာပေါ်ကကလေးတွေကို ကာကွယ်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို ကလေးအခွင့်အရေး နိုင်ငံတကာ သဘောတူညီချက်အောက်ကနေ စက်တင်ဘာ ၂၃ ရက်က တရားဝင် တိုင်ကြားလိုက်ပါတယ်။
အမေရိကန် ဆယ်ကျော်သက် အလက်ဇန်းဒရီးယား ဗီလာစေနာက “လက်ရှိကမ္ဘာဟာ အနာဂတ်မှာ အမွေခံထိုက်တဲ့ ကမ္ဘာကို ချန်ထားခဲ့ဖို့ လူသားမျိုးဆက်တွေကြား စာချုပ်ချုပ်ထားခဲ့တယ်။ ဒီနေ့တော့ ခင်ဗျားတို့ဟာ စာချုပ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့လို့ အခု ဒီကိုလာပြီး တောင်းဆိုတာ”လို့ ပြောပါတယ်။
ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး အရေးပေါ ဆောင်ရွက်အောင် တောင်းဆိုဖို့ ကမ္ဘာတဝန်းက လူငယ်တွေ သန်းချီပြီး လမ်းပေါ်ထွက် ဆန္ဒပြအပြီးမှာ ကမ္ဘာခေါင်းဆောင်တွေ ကုလသမဂ္ဂမှာ တနင်္လာနေ့က စုရုံးခဲ့ကြပါတယ်။
ကမ္ဘာကြီး ပူနွေးစေတဲ့ အဓိကအကြောင်းရင်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချ ထိန်းချုပ်ရေး အားထုတ်ရာမှာ ပြန်ပြီး အရှိန်အဟုန်ယူဖို့ ကြိုးစားကြဖို့ပါ။
ကုလထိပ်သီးညီလာခံမှာ စကားပြောနိုင်ရေး အရည်အသွေးပြည့်မီဖို့ လက်တွေ့ လုပ်မယ့် စီမံကိန်းတွေ တင်ပြရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရပ်စ်က အစိုးရတွေကို သတိပေးခဲ့ပါတယ်။
ဒါဟာ ကမ္ဘာကြီး ပူနွေးမှုကို တိုက်ဖျက်ရေး ၂၀၁၅ ပါရီ သဘောတူညီချက်ကို မြှင့်တင်ဖို့ ရည်မှန်းထားတာပါ။ ရာသီဥတု ပြောင်းလဲမှုကြောင့် မျှော်လင့်ထားတာထက် ပိုပြီး မြန်တဲ့နှုန်းနဲ့ ရေခဲမြစ်တွေ ရေခဲတောင်တွေ အရည်ပျော်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာအပြင် အစွန်းရောက် မိုးလေဝသ အခြေအနေတွေကိုပါ ရင်ဆိုင်နေရတာပါ။
အကျပ်အတည်းရဲ့ အရေးပေါ် အခြေအနေက ပိုအရှိန်မြင့်လာနေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
မနှစ်ကတော့ ၂၀၂၀ နောက်ပိုင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအသစ်တွေ ထပ်မဆောက်ဖို့ အတွင်းရေးမှူးချုပ်က ဆော်သြခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရာသီဥတု ေျပာင္းလဲမႈဒဏ္မွ ကာကြယ္ေပးရန္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို ကေလးမ်ား ေတာင္းဆို
ကမာၻ႔ရာသီဥတု ေျပာင္းလဲမႈ တိုက္ဖ်က္ေရး လူငယ္ တက္ႂကြလႈပ္ရွားသူေတြက ရာသီဥတု ေျပာင္းလဲမႈဒဏ္ကေန ကမာၻေပၚကကေလးေတြကို ကာကြယ္ဖို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ကေလးအခြင့္အေရး ႏိုင္ငံတကာ သေဘာတူညီခ်က္ေအာက္ကေန စက္တင္ဘာ ၂၃ ရက္က တရားဝင္ တိုင္ၾကားလိုက္ပါတယ္။
အေမရိကန္ ဆယ္ေက်ာ္သက္ အလက္ဇန္းဒရီးယား ဗီလာေစနာက “လက္ရွိကမာၻဟာ အနာဂတ္မွာ အေမြခံထိုက္တဲ့ ကမာၻကို ခ်န္ထားခဲ့ဖို႔ လူသားမ်ိဳးဆက္ေတြၾကား စာခ်ဳပ္ခ်ဳပ္ထားခဲ့တယ္။ ဒီေန႔ေတာ့ ခင္ဗ်ားတို႔ဟာ စာခ်ဳပ္ကို လိုက္နာဖို႔ ပ်က္ကြက္ခဲ့လို႔ အခု ဒီကိုလာၿပီး ေတာင္းဆိုတာ”လို႔ ေျပာပါတယ္။
ရာသီဥတု ေျပာင္းလဲမႈတိုက္ဖ်က္ေရး အေရးေပါ ေဆာင္႐ြက္ေအာင္ ေတာင္းဆိုဖို႔ ကမာၻတဝန္းက လူငယ္ေတြ သန္းခ်ီၿပီး လမ္းေပၚထြက္ ဆႏၵျပအၿပီးမွာ ကမာၻေခါင္းေဆာင္ေတြ ကုလသမဂၢမွာ တနလၤာေန႔က စု႐ုံးခဲ့ၾကပါတယ္။
ကမာၻႀကီး ပူေႏြးေစတဲ့ အဓိကအေၾကာင္းရင္း ကာဗြန္ထုတ္လႊတ္မႈေလွ်ာ့ခ် ထိန္းခ်ဳပ္ေရး အားထုတ္ရာမွာ ျပန္ၿပီး အရွိန္အဟုန္ယူဖို႔ ႀကိဳးစားၾကဖို႔ပါ။
ကုလထိပ္သီးညီလာခံမွာ စကားေျပာႏိုင္ေရး အရည္အေသြးျပည့္မီဖို႔ လက္ေတြ႕ လုပ္မယ့္ စီမံကိန္းေတြ တင္ျပရမယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂုတားရပ္စ္က အစိုးရေတြကို သတိေပးခဲ့ပါတယ္။
ဒါဟာ ကမာၻႀကီး ပူေႏြးမႈကို တိုက္ဖ်က္ေရး ၂၀၁၅ ပါရီ သေဘာတူညီခ်က္ကို ျမႇင့္တင္ဖို႔ ရည္မွန္းထားတာပါ။ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ ေမွ်ာ္လင့္ထားတာထက္ ပိုၿပီး ျမန္တဲ့ႏႈန္းနဲ႔ ေရခဲျမစ္ေတြ ေရခဲေတာင္ေတြ အရည္ေပ်ာ္တာ၊ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္တာအျပင္ အစြန္းေရာက္ မိုးေလဝသ အေျခအေနေတြကိုပါ ရင္ဆိုင္ေနရတာပါ။
အက်ပ္အတည္းရဲ႕ အေရးေပၚ အေျခအေနက ပိုအရွိန္ျမင့္လာေနတယ္လို႔ သိပၸံပညာရွင္ေတြက သတိေပးထားပါတယ္။
မႏွစ္ကေတာ့ ၂၀၂၀ ေနာက္ပိုင္းမွာ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံအသစ္ေတြ ထပ္မေဆာက္ဖို႔ အတြင္းေရးမႉးခ်ဳပ္က ေဆာ္ၾသခဲ့ပါတယ္။