ပီရူးနိုင်ငံမှာရှိတဲ့ တောင်တက်လမ်းပြအဖွဲ့တခုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ အန္တရာယ်ရှိတဲ့ မီးတောင်တခုပေါ် တက်ရောက်စွန့်စားမှု ပြုလုပ်ခဲ့ပြီး အငွေ့ထွက်နေတဲ့ မီးတောင်ရဲ့အပေါက်ဝကို အနီးကပ် မှတ်တမ်းတင်ခွင့် ရရှိခဲ့ပါတယ်။
ဒီတောင်တက်သမားတွေဟာ ပြာတွေ၊ ကျောက်သားတွေနဲ့ ပြည့်နှက်နေတဲ့ အူဘီနက်မီးတောင်ကို စွန့်စွန့်စားစား တက်ရောက်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးမှာတော့ မီးတောင်ပေါက်ဝကနေ မီးခိုးတွေ ထွက်နေတာကို မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။
အူဘီနက်မီးတောင်ဟာ ပီးရူးနိုင်ငံရဲ့မြို့တော် လီမာမြို့ရဲ့တောင်ဘက် ၁၂၅၀ ကီလိုမီတာအကွာမှာ တည်ရှိပြီး ပီးရူးနိုင်ငံရဲ့ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်တွေထဲက တခုလည်း ဖြစ်ပါတယ်။
ပီရူးနိုင်ငံဟာ မီးတောင်လှုပ်ရှားမှုတွေ၊ ငလျင်လှုပ်မှုတွေ ဖြစ်ပွားမှုအများဆုံးသော ပစိဖိတ်ရဲ့ Ring of Fire အရပ်မှာ တည်ရှိပြီး နိုင်ငံတောင်ပိုင်းမှာ မီးတောင်များစွာ တည်ရှိလို့နေပါတယ်။
The post ပီရူးတောင်တက်လမ်းပြများ အူဘီနက်မီးတောင်ဝထိ စွန့်စားတက်ရောက် appeared first on DVB.