Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကင်ဘာရာတွင် တောမီးအရေးပေါ်အခြေအနေ ထုတ်ပြန်

$
0
0

သြစတြေးလျနိုင်ငံမြို့တော် ကင်ဘာရာတောင်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်နေတာကြောင့် ဇန်နဝါရီ ၃၁ ရက်က အာဏာပိုင်တွေဟာ ကင်ဘာရာနယ်မြေကို အရေးပေါ် အခြေအနေထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း ကင်ဘာရာနယ်မြေကို အဆိုးရွားဆုံး တောမီး ခြိမ်းခြောက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

အဲဒီတောမီးဟာ မြေဟက်တာပေါင်း ၁၈,၅၀၀ ကျော်ကို လောင်ကျွမ်းနေတာပါ။

အဲဒီအတွက်  အရေးပေါ်ရွှေ့ပြောင်းရေးအခြေအနေအတွက် သတိရှိနေဖို့ ကင်ဘာရာ ဆင်ခြေဖုံးဒေသခံတွေကို တိုက်တွန်းထားပါတယ်။ 

ဆစ်ဒနီနဲ့ မဲလ်ဘုန်းကြားမှာရှိတဲ့ ကင်ဘာရာမြို့မှာ နေထိုင်သူ ၄ သိန်း ဝန်းကျင် ရှိပါတယ်။

၂၀၀၃ ခုနှစ်က ကင်ဘာရာဆင်ခြေဖုံးမှာ လောင်တဲ့တောမီးကြောင့် လူ ၄ ယောက် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတဲ့အပြင် နေအိမ် ၄၇၀ ကျော် ပျက်စီးထိခိုက်ခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ 

The post ကင်ဘာရာတွင် တောမီးအရေးပေါ်အခြေအနေ ထုတ်ပြန် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles