Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကလေးဝမြို့၌ ရာစုနှစ်တဝက်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်တင်

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပိုအေးခဲ့ပြီး အနိမ့်ဆုံး အပူချိန် စံချိန်တင်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကလေးဝမြို့ရဲ့ အပူချိန်ဟာ ၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်သစ်တင်လိုက်တာဖြစ်ပါတယ်။

အရင်စံချိန်ဟောင်းကတော့ ၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ စံချိန်တင်ထားခဲ့တာပါ။

လက်ရှိမှာ ညအပူချိန်တွေအနေနဲ့ ချင်းပြည်နယ်မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အထက် ၂ ဒီဂရီစင်တီဂရိတ်နဲ့ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာတော့ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အထက် ၃ ဒီဂရီစင်တီဂရိတ် ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပါတယ်။

ထူးခြားတဲ့ ညအပူချိန်တွေကတော့ ဟားခါးမြို့မှာ ၀ ဒီဂရီစင်တီဂရိတ်၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ မင်းကင်းမြို့နဲ့ မိုးကုတ်မြို့တို့မှာ ၄ ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့၊ မိုင်းယန်းမြို့နဲ့ ရမ်ကလောင်းတို့မှာ ၅ ဒီဂရီစင်တီဂရိတ်စီနဲ့ သီပေါမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့၊ မင်းတပ်မြို့နဲ့ ပြင်ဦးလွင်မြို့တို့မှာတော့ ၆ ဒီဂရီစင်တီဂရိတ်စီတို့ အသီးသီး ဖြစ်ပါတယ်။

The post ကလေးဝမြို့၌ ရာစုနှစ်တဝက်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်တင် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ