Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဝေလနယ်တွင် ရေကြီးသဖြင့် ကားများ မျောပါ

$
0
0

ဗြိတိန်နိုင်ငံ ဝေလနယ်က ဟေးအွန်ဝိုင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရေကြီးရေလျှံမှုကြောင့် ကားတွေ ရေထဲ မျောပါသွားတယ်လို့ သိရပါတယ်။

သီတင်းပတ်တပတ်အတွင်း ဒုတိယမြောက် မုန်တိုင်းက ဗြိတိန်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ မြို့အနားက ဝေးမြစ်ရဲ့ ကမ်းပါးတွေ ကျိုးပေါက်ခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာတွေပေါ်ကို ရောက်လာတဲ့ ရုပ်သံတွေမှာ ရပ်ထားတဲ့ ကားတွေ ရေစီးနဲ့ မျောပါနေတာနဲ့ အိမ်တွေ ရေမြုပ်နေတာကို ပြထားပါတယ်။

အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးရွားတဲ့ ရေကြီးမှု သတိပေးချက်တွေကို ဝေလနယ် အစပ်နားက တေမေမြစ်တလျှောက်၊ တဖ်မြစ်နဲ့ နိသ်မြစ်တို့အပါအဝင် လေးနေရာမှာ ထုတ်ပြန်ထားတယ်လို့ အင်္ဂလန်နယ်နဲ့ ဝေလနယ်က သဘာဝပတ်ဝန်းကျင်အေဂျင်စီတွေက ပြောပါတယ်။

 အင်္ဂလန်နယ်တလွှား နေရာ ၂၄၀၊ ဝေလနယ်မှာ နေရာ ၇၀ နဲ့ စကော့တလန်မှာ နေရာ ၂၀ တို့မှာ ရေကြီးခြင်း သတိပေးချက်ကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ထုတ်ပြန်ထားပါတယ်။

စီယာရာမုန်တိုင်း တိုက်ခတ်အပြီး သီတင်းပတ်တပတ် မပြည့်ခင် ဒန်းနစ်မုန်တိုင်း တိုက်ခတ်ခဲ့လို့ အင်္ဂလန်နယ်မြောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ပြီး အိမ်တွေ ရေမြုပ်တဲ့အပြင်  ထောင်နဲ့ချီတဲ့လူတွေ လျှပ်စစ်မီး မရှိဘဲ နေနေရပါတယ်။

The post ဝေလနယ်တွင် ရေကြီးသဖြင့် ကားများ မျောပါ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles