Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

လေထုထဲ ကာဗွန်များဖယ်ရှားပြီး ရေခဲအရည်ပျော်မှု နှေးအောင်လုပ်ရန် သြစတြေးလျ သိပ္ပံပညာရှင် ပြော

$
0
0

ကမ္ဘာကြီးပူနွေးမှုက အန္တာတိကရေခဲပြင်ကို ထုနဲ့ထည်နဲ့ အရည်ပျော်စေပြီး  လေထုထဲက ကာဗွန်တွေကို ဖယ်ရှားပစ်တာက ရေခဲအရည်ပျော်ဖြစ်စဉ်ကို နှေးအောင် လုပ်ဆောင်တဲ့ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သြစတြေးလျ ရာသီဥတုသိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။

အန္တာတိကတိုက်ရဲ့  စံချိန်တင်အပူဆုံး   ၁၈ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ကို  ဖေဖော်ဝါရီလ ၆ ရက်က အဲဒီမှာရှိတဲ့ သုတေသနစခန်းမှာ တိုင်းတာရရှိခဲ့ပါတယ်။ ပိုမိုပူပြင်းတဲ့ အပူချိန်တွေဆက်ရှိမယ်ဆိုရင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာကို အလွန်အကျွံဖြစ်စေနိုင်ပါတယ်။  

မကြာသေးခင်က လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာပြိး အကျိုးဆက်အနေနဲ့ အန္တာတိက တိုက်မှာရှိတဲ့ ရေခဲပြင် အများအပြား အရည်ပျော်လာတယ်လို့ ယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုး သောမတ်စ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။ 

“ကျမတို့တွေ့ရတာတော့ အနောက်အန္တာတိကရေခဲလွှာကနေ စပြီး အရည်ပျော်တာပေါ့။ ကျမတို့ အဆင့်တခုကို ရောက်ချိန်မှာ အရည်မပျော်အောင် ကြိုးပမ်းပေမယ့်လည်း ဆက်အရည်ပျော်နေမှာ ဖြစ်ပါတယ်” လို့ နယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုး သောမတ်စ်က ပြောခဲ့ပါတယ်။ 

“ရေခဲလွှာအရည်ပျော်တာနဲ့ တဖြည်းဖြည်းချင်း လူတွေ နေရာပျောက်ကုန်လိမ့်မယ်။ ကျွန်းငယ်ဒေသတွေမှာ အဲဒီလို ဖြစ်နေပြီဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါက တဖြည်းဖြည်း ဆက်ဖြစ်နေပြိး ဒီရေတက်ချိန်မှာလည်း နေအိမ်တွေ ရေလွှမ်းခံရလိမ့်မယ်။  နောက်တော့ သာမန် ဒီရေတက်ချိန်ပေါ့။ အဲဒီနောက်ပိုင်း ဒီရေကျချိန်မှာတောင် ရေလွှမ်းတာတွေ ကြုံရပါလိမ့်မယ်”လို့ သုတေသီ ဇို သောမတ်စ်က ရှင်းပြခဲ့ပါတယ်။ 

ဒီလို ရေခဲအရည်ပျော်ဖြစ်စဉ်ကို နှေးကွေးစေဖို့ လေထုထဲမှာရှိတဲ့ ကာဗွန်တွေကို ဖယ်ရှားခြင်းကသာ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့လည်း သုတေသီ ဇိုး သောမတ်စ်က အကြံပြုခဲ့ပါတယ်။ 

The post လေထုထဲ ကာဗွန်များဖယ်ရှားပြီး ရေခဲအရည်ပျော်မှု နှေးအောင်လုပ်ရန် သြစတြေးလျ သိပ္ပံပညာရှင် ပြော appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


မြတ်ဗုဒ္ဓ သာသနာ၏ အနှစ်သုံးပါး ( သီလ )


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ ကျင်းပ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အီကြာအော် - ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာ သမဒဂျီးလဲပွဲ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


TTA Oreo Gapp Installer


သမ္မတ ဖြစ်ချင်တဲ့ နောက်တစ်ဦး က ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


☮ နယူးယောက်မြို့စာပေဟောပြောပွဲဖိတ်ကြားလွှာ ☮ စက်တင်လာ ၁၂ စနေနေ့


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်