Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တရုတ် အဓိကမြို့များ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကျဆင်း

$
0
0

ဥရောပ အာကာသအေဂျင်စီရဲ့ ကော်ပါးနီးကပ်စ်ဂြိုဟ်တုကနေ မတ်လ ၁၉ ရက် ဖြန့်ချိ လိုက်တဲ့ဓာတ်ပုံတွေထဲမှာ ၂၀၁၉ ဒီဇင်ဘာကနေ ၂၀၂၀ မတ်လအတွင်း တရုတ်နိုင်ငံရဲ့ အဓိက မြို့ကြီးအားလုံးကနေ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု သိသိသာသာ ကျဆင်းသွားတာ မြင်ရပါတယ်။

 ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ဟူဘေးပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်အပြီး တရုတ်နိုင်ငံထဲမှာ ပိုတင်းကြပ်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ခဲ့တာပါ။

ဒါကြောင့် ကူးစက်မှု ရပ်တံ့ဖို့ကြိုးစားတဲ့အနေနဲ့ တရုတ်အာဏာပိုင်တွေက စက်ရုံတွေ လမ်းတွေကို ပိတ်ချခဲ့ပါတယ်။

 နှစ်တိုင်း တရုတ်နှစ်သစ်ကူးကာလအတွင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ စက်မှုဇုန်တွေနဲ့ ကားတွေကနေ ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှုဟာ အလားတူ ကျဆင်းလေ့ ရှိပါတယ်။

 အလားတူအချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမှာ တရုတ်ထက် ကျော်လွန်သွားတဲ့ အီတလီနိုင်ငံထဲမှာလည်း လေထုညစ်ညမ်းမှု အလားတူ ကျဆင်းခဲ့ပါတယ်။

ကူးစက်မှုစတည်းက မတ်လ ၂၀ရက် မွန်းလွဲ ၁ နာရီထိ အတည်ပြုထားတဲ့ အချက် အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူ ဦးရေ ၃၂၄၈ ယောက် ရှိပြီး အီတလီနိုင်ငံအတွင်း သေဆုံးသူ ဦးရေ  ၃၄၀၅ ယောက် ရှိနေပါတယ်။

The post တရုတ် အဓိကမြို့များ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ကျဆင်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles