Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကော့သောင်းတွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်၊ ရဲ ၁ ဦးသေဆုံး

$
0
0

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊  ခမောက်ကြီးမြို့နယ်ခွဲမှာ ဧပြီ ၈ ရက်ညနေပိုင်းက မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး နေအိမ် ၂၀ လောက် ပျက်စီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်အုပ်ချူပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။

ဆိပ်ဖူးကျေးရွာက နေအိမ် ၂၀ လောက်ပျက်စီးခဲ့တာဖြစ်ပြီး မာရမ်းကျေးရွာမှာတော့ မိုးကြိုးပစ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဆိပ်ဖူးကျေးရွာရွာသားတဦးက “ထိုင်းဘက်ကမိုးရိပ်တွေ စတက်လာပြီး ၅ နာရီလောက်မှာ လေကတဖြည်းဖြည်းပြင်းလာပြီး မိုးရောလေပါ ရုတ်တ်တရက်တိုက်ခတ်တာကြောင့် ရွာမှာ အခိုင်အမာဆောက်ထားတဲ့ အိမ်တွေကျတော့ ခေါက်မိုးအမိုးသွပ်ပြားတွေ လန်ထွက်ပြီး ဓနိဖက်မိုးအိမ်လေးတွေကျတော့ ပြိုကျတာနဲ့ ယိုင်နဲ့သွားတာတွေရှိတယ်” လို့ ပြောပါတယ်။

ပြိုကျပျက်စီးသွားတဲ့အိမ်တွေကို ကူညီပေးဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက စီစဉ်နေတယ်လို့ သိရပါတယ်။

လတ်ကိုကိုဦး

The post ကော့သောင်းတွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်၊ ရဲ ၁ ဦးသေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533