Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

အရှေ့အာဖရိကတွင် ရေကြီးမှုကြောင့် လူ ၂၆၀ ကျော် သေဆုံး

$
0
0

အရှေ့အာဖရိကဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၂၆၀ ကျော် သေဆုံးခဲ့ပါတယ်။

ကင်ညာ၊ ဆိုမာလီယာ၊ ရဝမ်ဒါနဲ့ ယူဂန်ဒါနိုင်ငံတို့ဟာ အထိခိုက်ဆုံးဖြစ်ပြီး ယူဂန်ဒါမှာ လူ ၆၅ ဦးလောက် ရေထဲ မျောပါ ပျောက်ဆုံးသွားခဲ့ရတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။

ရဝမ်ဒါ ကြက်ခြေနီအသင်းရဲ့ ထုတ်ပြန်ချက်အရ နေအိမ်ပေါင်း ၂၂၀၀ ကျော်၊ လူပေါင်း ၁၁၀၀၀ ကျော်  ရေဘေးဒဏ်ကို ခံစားခဲ့ရတယ် ဆိုပါတယ်။

 မေ ၇ ရက်နေ့မှာ ထွက်လာတဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း ရေကြီးမှုကြောင့် ယူဂန်ဒါမှာ အမှိုက်တွေနဲ့ ရွှံ့တွေသာ ကျန်ခဲ့တာကို မြင်ရပါတယ်။ 

အာဖရိက တတိုက်လုံးမှာ မေ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြူလူနာဦးရေ ၅၂,၁၇၅ ဦးနဲ့ သေဆုံးသူက ၂,၀၂၄ ဦး၊ ပြန်ကောင်းလာသူတွေကလည်း ၁၇,၈၁၉ ဦးရှိတယ်လို့ ရိုက်တာသတင်းက  ရေးထားပါတယ်။ 

 

The post အရှေ့အာဖရိကတွင် ရေကြီးမှုကြောင့် လူ ၂၆၀ ကျော် သေဆုံး appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles