Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်

$
0
0

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီးနောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ် ရောက်ပြီး ကနဦးမှာတော့ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

The post ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles