Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုက်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်ပြည်သူ ၂သိန်းကို နေရာရွှေ့ပြောင်း

$
0
0

ဖိလစ်ပိုင်နိုင်ငံမှာ မေလ ၁၄ ရက်နေ့မှာ တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားလို့  ဖိလစ်ပိုင်ကမ်းရိုးတန်းနဲ့ တောင်ထူထပ်တဲ့ဒေသတွေက ပြည်သူ နှစ်သိန်းကို နေရာပြောင်းရွှေ့ ချထားနေရပါတယ်။ 

မုန်တိုင်းက ကုန်းတွင်းပိုင်း ဝင်လာတာနဲ့ ဒီဒေသတွေကလူတွေမှာ ရေကြီးတာနဲ့ မြေပြိုတာ လို ပြဿနာတွေ ဒဏ်မခံစားရအောင်  ပြောင်းရွှေ့ပေးနေတာပါ။ 

ဗွန်ဖုန်လို့နာမည်ပေးထားတဲ့ ဒီတိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်မှာ ဒီနှစ်ထဲ ပထမဆုံး ဝင်တဲ့ မုန်တိုင်းဖြစ်ပြီး၊ လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ အထိ ရှိနိုင်တယ်ဆိုပါတယ်။ 

ဒေသန္တရအာဏာပိုင်တွေကတော့ မုန်တိုင်းဝင်ရင် ပြည်သူတွေ ယာယီခိုလှုံစရာအဖြစ် စာသင်ကျောင်းတွေကို သုံးဖို့စီစဉ်ထားပါတယ်။ 

မုန်တိုင်းကြောင့်  မိုးရေချိန်များပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်လာမှာကိုလည်း အာဏာပိုင် တွေက သတိပေးထားပါတယ်။

ကျွန်းစုပေါင်း ၇၀၀၀  ကျော်ရှိတဲ့ ဖိလစ်ပိုင်ဟာ တနှစ်ကိုပျမ်းမျှ တိုင်ဖုန်းမုန်တိုင်းအလုံး ၂၀ လောက် ကြုံတွေ့နေရတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။ 

The post တိုက်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်ပြည်သူ ၂သိန်းကို နေရာရွှေ့ပြောင်း appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles