အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းကို ဇွန် ၃ ရက်မှာ နောက်ထပ် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ဝင်ရောက်ဖွယ်ရှိနေလို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။
အာရေဗျပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ် အားကောင်းလာဖွယ်ရှိပြီး နောက်ထပ် ၁၂ နာရီအတွင်း အားကောင်းဆိုင်ကလုန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ဇွန် ၂ ရက်မှာ ခန့်မှန်း ထုတ်ပြန်ပါတယ်။
အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းအနီး ကျရောက်မယ့် မုန်တိုင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ အရေးပေါ်ကူညီပေးရေး ဝန်ထမ်းတွေကို ဖိအားတိုးစေမှာပါ။
ပြီးခဲ့တဲ့လကလည်း အနောက်ဘန်ဂေါပြည်နယ်ကို စူပါဆိုင်ကလုန်း အမ်ဖန် ဝင်ရောက်ခဲ့တာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး အခြေခံအဆောက်အဦနဲ့ သီးနှံတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ပျက်စီးခဲ့ရပါတယ်။
The post အိန္ဒိယကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ထပ်မံဝင်ရောက်နိုင် appeared first on DVB.