Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ကိုဗစ်ကာလ ဘုရားဖူးမရှိသဖြင့် ပုပ္ပါးတောင်ရှိ မျောက်များကို ၁ လ ကျပ် ၇ သိန်းဖိုး အစားကျွေးနေရ

$
0
0

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်မှ မျောက်တွေ ကိုဗစ်ကာလ ဘုရားဖူးလာရောက်မှု မရှိတာကြောင့် ဂေါပကအဖွဲ့က ၁ လကို ငွေကျပ် ၇ သိန်းဖိုးအထိ မျောက်စာ ဝယ်ယူ ကျွေးမွေးနေရတယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့က ပြောပါတယ်။

“ဘုရားဖူးကာလမှာ ဘုရားဖူးတွေကျွေးတော့ ကျွေးရတာနည်းတယ်။ အရင်နှစ်တွေ ဘုရားဖူး ပါးတဲ့ကာလ ကဆုန်၊ နယုန်၊ ဝါဆိုတွေဆို ဂေါပက ကျွေးရတယ်ဆိုပေမယ့် အခုက ဘုရားဖူးက လုံးလုံးမရှိတော့ ပြီးခဲ့တဲ့လက မျောက်စာဖိုး ၇ သိန်းကုန်တယ်၊ တခါဝယ်ရင် ကုလားပဲအိတ် နှစ်ဆယ်၊ သုံးဆယ်၊ ပြောင်းဖူးစေ့ သုံးဆယ် ဝယ်ထားပြီးကျွေးရတယ်” လို့ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ပြောပါတယ်။

ပုပ္ပါးတောင်ကလပ်ကို ကိုဗစ်-၁၉ ကာလ မပိတ်ထားပေမဲ့ တောင်ကလပ်ပေါ် တက်လိုပါက ၇၂ နာရီအတွင်း ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ဆေးချက် ထောက်ခံချက်ပါမှသာ တက်ရောက်ခွင့်ပြုထားတာကြောင့် ဘုရားဖူးလာရောက်မှုမရှိ​ဘူးလို့ သိရပါတယ်။

ပုပ္ပါးတောင်ကလပ်ကို အမှီပြုနေထိုင်တဲ့ မျောက်ကောင်ရေ ၃၅၀၀ ဝန်းကျင်ရှိပြီး ၁ ရက်ကို မျောက်စာ ပြောင်းဖူးစေ့၊ ကုလားပဲအိတ် ၂ အိတ်ကျွေးရကြောင်း ၁ လ ခြောက်သိန်းခွဲ ခုနစ်သိန်း ပုံမှန် ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

ပုပ္ပါးတောင်ကလပ်နဲ့ ထိစပ်ဒေသက စေတနာအလှူရှင်အချို့လည်း ငှက်ပျောသီး၊ သင်္ဘောသီး စတာတွေကို တောင်ခြေမှာ လာရောက်ကျွေးမွေးတာမျိုးရှိနေပြီး နယ်ဝေးမှ ကုသိုလ်ပြုလိုပါက ဂေါပကအဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

The post ကိုဗစ်ကာလ ဘုရားဖူးမရှိသဖြင့် ပုပ္ပါးတောင်ရှိ မျောက်များကို ၁ လ ကျပ် ၇ သိန်းဖိုး အစားကျွေးနေရ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး