သီရိလင်္ကာနိုင်ငံရဲ့ခရိုင် ၂၅ ခုက ၄ ခုမှာ ကျိုင်းကောင်တွေ ကျရောက်နေလို့ စိုက်ခင်းတွေ ပျက်စီးနေရပါတယ်။
စိုက်ပျိုးရေးအရာရှိတွေကတော့ ဒေသမျိုးရင်း ဒီကျိုင်းကောင်တွေဟာ လျင်မြန် စွာပေါက်ဖွားနိုင်တဲ့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ခုလိုဖြစ်နိုင်လို့ ကောက်ပဲသီးနှံ ထွက်နှုန်းကို အကြီးစား ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာမှာ ငှက်ပျော၊ အုန်းသီးနဲ့ ရာဘာစိုက်ခင်းတွေမှာ ဒီကျိုင်းကောင်တွေ ကျရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ကျိုင်းကောင်တွေ အတောင်ပေါက်လာရင် ပိုပျံ့နှံ့ ကူးစက်နိုင်လို့ အတောင်မပေါက်သေးခင် ငယ်ချိန်မှာ ကျိုင်းကောင်တွေကို ရှင်းလင်းဖို့ အခုဆိုရင် လယ်သမားတွေဟာ အားပျော့တဲ့ ဓာတု ပစ္စည်းတွေ သုံးတာ၊ အုန်းလက်တွေကို မီးရှို့ပြီး မီးခိုးမှိုင်း တိုက်တာတွေ လုပ်နေရပါတယ်။
အရှေ့အာဖရိက က လာတဲ့ ကျိုင်းကောင်တွေ ဖျက်ဆီးတာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် မှာလည်း စိုက်ခင်းတွေ ပျက်စီးနေရပါတယ်။
အဲဒီ ကျိုင်းကောင်တွေပါ သီရိလင်္ကာကို လေစီးကြောင်းနဲ့ ရောက်လာနိုင်ပြီး အပျက်အစီး ပိုများနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post သီရိလင်္ကာနိုင်ငံ ခရိုင် ၄ ခုတွင် ကျိုင်းကောင်ကျသဖြင့် စိုက်ခင်းများ ပျက်စီး appeared first on DVB.