Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ကို လေဆင်နှာမောင်း တိုက်ခတ်

$
0
0

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့လယ်ကို ဇွန်လ ၆ ရက်က လေဆင်နှာမောင်းတခု ဖြတ်တိုက်သွားခဲ့ပါတယ်။ 

ဒါဟာ အမေရိကန်အမျိုးသားမိုးလေဝသဌာနက လေဆင်နှာမောင်း သတိပေးချက်တွေ အတော်များများ ထုတ်ပြန်ထားချိန်မှာ ဖြစ်လာတာပါ။ 

ရိုက်တာက ရရှိတဲ့ ဗွီဒီယိုဖိုင်ထဲမှာ လေဆင်နှာမောင်းဟာ ကားလမ်းပေါ်ဖြတ်သွားပါတယ်။ 

ဒေသခံမီဒီယာတွေနဲ့ရဲတပ်ဖွဲ့ အဆိုအရလည်း ဓာတ်အားလိုင်းတွေ ပျက်စီးတာနဲ့ တခြား ထိခိုက်ပျက်စီးမှုတွေ ရှိပါတယ်။ 

ဇွန်လ ၆ ရက်မှာ ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းမှာ လေဆင်နှာမောင်း ခြောက်ခု အနည်းဆုံး  ကြုံတွေ့ရမယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ထားပါတယ်။

 လေဆင်နှာမောင်းတွေဟာ အပူပိုင်းမုန်တိုင်း ခရစ်စတိုဘယ်နဲ့တွဲလျက် ဖြစ်ပေါ်လာပြီး မုန်တိုင်းဟာ မက္ကဆီကို ပင်လယ်ကွေ့ မှာ အခြေပြုနေပါတယ်။

ဖလော်ရီဒါကို ဝင်ရောက်ဖို့ မရှိပေမဲ့ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ ဖြစ်နိုင်တယ် လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

The post ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ကို လေဆင်နှာမောင်း တိုက်ခတ် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ယာတောက သာဗြော - အဝေးက ပေးစာတစောင် (ပုဂံငလျင်)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...