Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

ဖလမ်းမြို့အနီး အင်အား ၃.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်

$
0
0

ချင်းပြည်နယ် ဖလမ်းမြို့အနီးမှာ မနေ့ညက အင်အား ၃.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဇွန် ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၁၄ မိနစ်၊ ၄၀ စက္ကန့်အချိန်က ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၂ မိုင်ခန့်ကွာဝေးသော၊ ချင်းပြည်နယ် ဖလမ်းမြို့၏ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၀၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်အစောပိုင်း ၀၃ နာရီ၊ ၁၇ မိနစ်၊ ၄၅ စက္ကန့်အချိန်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၃၂၉ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံဘက်၊ မြောက်လတ္တီတွဒ် ၁၄.၉၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၁.၆၃ ဒီဂရီ၊ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြု၍ပြီး အင်အားရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

The post ဖလမ်းမြို့အနီး အင်အား ၃.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ် appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles