Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တူရကီတွင် ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်၊ ၁ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ

$
0
0

တူရကီနိုင်ငံအရှေ့ပိုင်း၊ ဘင်ဂိုးလ်ခရိုင်၊ ကာလီအိုဗာမြို့ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာ စကေး ၅ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ တစ်ယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။

မနေ့ ညနေ ၅ နာရီခွဲလောက်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ဒါဇင်နဲ့ချီတဲ့ အိမ်တွေ အဆောက်အအုံတွေ ပျက်စီးတယ်လို့ တူရကီကပ်ဘေးနဲ့ အရေးပေါ်စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး ရုံးက ပြောပါတယ်။

လေ့လာရေးမျှော်စင် ပြိုကျလို့ တူရကီစစ်တပ် လုံခြုံရေးအစောင့် နှစ်ယောက် ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

သူတို့ထဲက တစ်ယောက် သေဆုံးခဲ့တယ်လို့ ဘင်ဂိုးလ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက တွစ်တာလူမှုကွန်ရက်မှာ ပြောပါတယ်။

 အိမ်ခေါင်မိုး ပြိုကျလို့ ကလေးတယောက်အပါအဝင် လူ ရှစ်ယောက် ဒဏ်ရာရပြီး ယာယီတဲ ၅၅၀ ကိုလည်း ဒေသတွင်းဆီ ပို့ထားပြီ အရေးပေါ် ကူညီရေးအဖွဲ့နဲ့ လူနာတင် ရဟတ်ယာဉ်လည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

တူရကီနိုင်ငံထဲမှာ ကမ္ဘာ့ကျောက်လွှာအက်ကွဲကြောင်းတွေ လွန်းထိုးတည်ရှိနေလို့ ငလျင်ဒဏ်ကို မကြာခဏ ခံရလေ့ ရှိပါတယ်။

 ၁၉၉၉ သြဂုတ်လက အင်အား ၇ ဒသမ ၄  ရှိတဲ့ မြေငလျင်လှုပ်ခဲ့လို့ လူ ၁၈၀၀၀ လောက် သေဆုံးခဲ့ဖူးပါတယ်။

The post တူရကီတွင် ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်၊ ၁ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ရွှေအမြုတေစာပေဆု ဘယ်သူတွေရမလဲခန်မှန်းပြီး စာအုပ်လက်ဆောင်တွေ ယူလိုရတဲ့ အစီအစဉ်


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး)...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)