Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

နာမည်ကျော် ဘတ်စ်ကက်ဘောကစားသမားပါသည့်ရဟတ်ယာဉ် မြူထူခြင်းကြောင့် ပျက်ကျဟုဆို

$
0
0

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့နားက တောင်ခြေမှာ ရဟတ်ယာဉ် ပျက်ကျလို့ နာမည်ကျော် ဘတ်စ်ကက်ဘော အားကစားသမား ကိုဘေဘရိုင်ယန့်၊ သမီးဖြစ်သူနဲ့ တခြားလူ ၇ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ မြူထူနေလို့ ရဟတ်ယာဉ်မှူး မျက်စိလည်ရင်း ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးမှူးတွေက ဇွန်လ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ရဟတ်ယာဉ်မှူးက သူ့ရဟတ်ယာဉ်ဟာ ပျံတက်နေတယ်လို့ လေကြောင်း ထိန်းချုပ်ရေးမှူးတွေကို ပြောခဲ့ပေမယ့် တကယ်တမ်းက ရဟတ်ယာဉ်ဟာ ပျံဆင်းနေတာဖြစ်ပြီး မကြာခင် တောင်စောင်းနဲ့ ရိုက်မိပျက်ကျခဲ့တယ်လို့ အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းမှု ဘုတ်အဖွဲ့ NTSB အစီရင်ခံစာက ပြောပါတယ်။

 လေယာဉ်မှူးတွေဟာ ကောင်းကင်နဲ့ သူတို့ပတ်ဝန်းကျင်က မြေပြင်ကို မမြင်နိုင်တဲ့အခါ အမြင့်နဲ့အရှိန်ကို အမှတ်မှား စိတ်ရှုပ်ရင်း မျက်စိလည် လမ်းလွဲတတ်တယ်လို့ NTSB က ပြောပါတယ်။

NTSB ဟာ ရဟတ်ယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးချက်အနေနဲ့ တွေ့ရှိချက်ကို အများပြည်သူဆီ ဖွင့်ချခဲ့တာပါ။ အဆုံးသတ် အစီရင်ခံစာကိုတော့ မထုတ်ပြန်ရသေးပါဘူး။ 

အမေရိကန်အမျိုးသားဘတ်စကက်ဘောအသင်းရဲ့ ကမ္ဘာကျော်ကစားသမား အသက် ၄၁ နှစ်အရွယ် ကိုဘေဘရိုင်ယန့်၊ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူနဲ့ တခြားလူ ၇ ယောက်တို့ကို တင်လာတဲ့ ရဟတ်ယာဉ်ဟာ ကာလီဖိုးနီးယားပြည်နယ် ကာလာဘတ်စက်မြို့နား တောင်ထူတဲ့ မြေပြင်ပေါ် ဇန်နဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီလောက်က ပျက်ကျခဲ့တာပါ။

The post နာမည်ကျော် ဘတ်စ်ကက်ဘောကစားသမားပါသည့်ရဟတ်ယာဉ် မြူထူခြင်းကြောင့် ပျက်ကျဟုဆို appeared first on DVB.


Viewing all articles
Browse latest Browse all 3533