ဘိုလီးဗီးယားနိုင်ငံ၊ စန်တာခရုဇ်ဒေသက လူနေရပ်ကွက်တွေမှာ ရေကြီးနေလို့ ဒေသခံတွေ ရေလွတ်ရာ ကုန်းမြေတွေမှာ ရှာဖွေပြောင်းရွှေ့ ခိုလှုံနေကြရပါတယ်။
လမ်းပေါ်မှာ ရေက လူကြီးခါးလောက်ထိ မြင့်တက်နေလို့ မိဘတွေက ကလေးတွေကို ကျောပိုးပြီး သွားလာနေပုံကိုလည်း တွေ့ရပါတယ်။
ဒေသခံတွေကို ဈေးနားက ဘေးလွတ်ရာ ရွှေ့ထားသလို စစ်သားတွေကလည်း မိသားစုတွေ ရွှေ့ပြောင်းတာ ကူညီဖို့ တပ်ချပေးထားပါတယ်။
ဒေသခံတွေက လူတယောက်ကို ရေထဲကဆယ်ပြီး အသက်ရှူ အားကူနည်းနဲ့ အသက်ရှင်အောင် လုပ်ပေးနေတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ဇွန် ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
လတ်တလော မိုးရွာနှုန်းက ၁ စတုရန်းမီတာမှာ မိုးရေချိန် ၁၀ စင်တီမီတာထိ ရွာနေတယ်လို့ ဒေသန္တရအရာရှိတွေက မှတ်တမ်းတင်ထားပါတယ်။ သေဆုံးသူ အရေအတွက်ကို အာဏာပိုင်တွေက အတည်မပြုရသေးပါဘူး။
The post ဘိုလီးဗီးယားနိုင်ငံတွင် ရေကြီးမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း appeared first on DVB.