တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်း နေရာအအတော်များများမှာ မိုးမုန်တိုင်းတွေ ကျရောက်နေပြီး လာမယ့်ရက်တွေမှာ မိုးပိုကြီးနိုင်မယ် ခန့်မှန်းထားတယ်လို့ နိုင်ငံပိုင် မီဒီယာက ဇွန် ၂၇ ရက်မှာ ကြေညာပါတယ်။
မိုးဆက်တိုက်ရွာတာကြောင့် ကွမ်းရှီးပြည်နယ် မြို့တော်နန်နင်းက မြို့ပေါ် နေရာတွေမှာ ရေတွေ ကြီးနေပြီး ဇွန် ၂၄ ရက်ကတည်းက ရွာတဲ့ မိုးရေချိန်ဟာ ၂၆၉ ဒသမ ၉ မီလီမီတာ ရှိတယ်လို့ CCTV သတင်းက ဖော်ပြပါတယ်။
ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာတော့ ရေကြီးမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေတဲ့ လူ ၆ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကြိုးသုံးပြီး ကယ်ဆယ်ခဲ့ရပါတယ်။
ကျန်းရှီးပြည်နယ်မှာလည်း ဇွန် ၂၃ ရက်ကတည်းက ရေတွေကြီးနေပြီး လူပေါင်း ၄၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းခဲ့ရပါတယ်။
ဇွန် ၂၆ ရက်ကနေ ၃၀ ရက်အထိ တရုတ်နိုင်ငံဒေသ အတော်များများမှာ မိုးသက်မုန်တိုင်းနဲ့ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ပြီး ရေကြီး မြေပြိုနိုင်တဲ့အန္တရာယ်တွေ ရှိတယ်လို့ အမျိုးသား ရေဘေးထိန်းချုပ်ရေးအေဂျင်စီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
The post တရုတ်တွင် မုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး appeared first on DVB.