တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးကြီးနေလို့ နေရာတော်တော်များများမှာ ရေကြီး၊ မြေပြိုနေလို့ ဒေသခံတွေကို ကယ်ဆယ်နေရပါတယ်။
စီချွမ်ပြည်နယ်ထဲက ဝမ်ချွမ်ခရိုင်မှာလည်း ရက်ပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် မြေပြိုခဲ့ပြီး ဒေသခံ ၆၉ ဦးကို နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဇွန်လ ၂၈ ရက် ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
ဇွန်လ ၂၅ ရက် ညပိုင်းကလည်း ခရိုင်တွင်းက တောင်တွေကြားထဲ မိုးကြီးပြီး လမ်းတွေ ပျက်စီးနေလို့ ပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တဦးကို ၆ နာရီကြာအောင် ကယ်ဆယ်ရေး အဖွဲ့ တဖွဲ့က ရှာဖွေကယ်တင်ခဲ့ရပါတယ်။
မီရန်နင်းခရိုင်မှာလည်း တောင်ကျရေတွေ စီးဆင်းမှုကြောင့် လူပေါင်း ၆၀၀၀ ကျော်ကို ဇွန်လ ၂၇ ရက်က ဘေးကင်းအောင်နေရာ ပြောင်းရွှေ့ ချထားပေးခဲ့ရတယ်လို့ သိရပါတယ်။
တရုတ်အနောက်တောင်ပိုင်းရဲ့ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း မကြာသေးမီ ရက်များအတွင်း မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဇွန်လ ၂၆ ရက်ညနေပိုင်းမှာ အဝေးပြေး လမ်းမကြီးတခု မြေပြိုပိတ်ဆို့ခဲ့ရပါတယ်။
The post တရုတ်တွင် ရေကြီးမြေပြို၍ ဒေသခံများကို ကယ်ဆယ် appeared first on DVB.