တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ရေကြီး မြေပြိုမှုတွေကြောင့် ဇွန်လ ၂၆ ရက် ညနေပိုင်းမှာပဲ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ဇွန်လ ၂၈ ရက်အထိ ပျောက်ဆုံးနေသူ ၁၀ ဦး ရှိနေပါတယ်။
စီချွမ်ပြည်နယ်ရဲ့ မီယန်နင်းခရိုင်မှာ လူ ၁ သောင်းနီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး ၇၀၀၀ လောက်ကို သူတို့ရဲ့နေအိမ်တွေကနေ ကယ်ထုတ်ခဲ့ရပါတယ်။
မိုးကြီးမှုကြောင့် ယာခင်းတွေ၊ လမ်းတွေ၊ တံတားတွေနဲ့ တခြား အဓိကကျတဲ့ အခြေခံအအောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။
ယီဟိုင်မြို့မှာလည်း ဒေသခံတွေအတွက် ယာယီခိုလှုံရေးစခန်းတွေကို ဖွင့်ပေးခဲ့ပြီး မီးသတ်သမားတွေက ဒေသခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုံခြုံမှုရှိအောင် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post စီချွမ်ပြည်နယ်တွင် ရေကြီးမြေပြို၍ လူ ၁၂ ဦးသေ၊ ၁၀ ဦး ပျောက်ဆုံး appeared first on DVB.