ဘရာဇီးနိုင်ငံက အမေဇုံမိုးသစ်တောမီးလောင်မှုဟာ ဇွန်လမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၁၃ နှစ်တာမှာ အမြင့်ဆုံး ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
ဒါဟာ မနှစ်ကလို အမေဇုံတော မီးအကြီးအကျယ် လောင်တာမျိုး ထပ်ဖြစ်နိုင်တယ်ဆိုပြီး သုတေသီတွေက စိုးရိမ်နေပါတယ်။
ခြောက်သွေ့ရာသီအတွင်း တောမီးက ထွက်လာတဲ့ မီးခိုးတွေဟာ အမေဇုံဒေသကို ဖုံးလွှမ်း နေပြီး ကိုဗစ်-၁၉ လူနာတွေအဖို့ ဆိုးကျိုးဖြစ်လာမှာကိုလည်း ကျန်းမာရေးပညာရှင်တွေက စိတ်ပူနေပါတယ်။
တောမီးကြောင့်သစ်ပင်တွေ ပြိုလဲပြီး မြေကွက်လပ်ကြီးဖြစ်လေ့ ရှိတာမို့ သစ်တော ပြုန်းတီးမှု မြင့်လာမှာကလည်း ပူပင်စရာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ပထမ ၅ လတာကာလအတွင်း အမေဇုံသစ်တော ပြုန်းတီးမှု ၃၄ ရာခိုင်နှုန်း အထိ ရှိခဲ့တယ်ဆိုတဲ့ ဘရာဇီးအာကာသသုတေသနဌာန အချက်အလက်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
The post အမေဇုန်သစ်တော မီးလောင်မှု ၂၀ ရာခိုင်နှုန်းထိ တိုးလာ appeared first on DVB.