Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

မွန်ပြည်နယ်အစိုးရ သဘာဝဘေးကို စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်တွင်လုပ်ရန် လိုအပ်ဟုဆို

$
0
0

မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်မှာ ဆက်တိုက် လေ့ကျင့်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ 

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရေကြီးရေလျှံတာ၊ မြေပြိုတာအပြင် လေဆင်နှာမောင်းဒဏ်ကို အလူအလဲ ခံစားခဲ့ရပါတယ်။ ဒါအပြင် မနှစ်ကဆိုရင် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေကြောင့် လူပေါင်း ၈၀ သေဆုံးထားတာပါ။

အဲလို အခြေအနေတွေကြောင့် ပြည်နယ် အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် ထားပြီး သဘာဝဘေး တုံ့ပြန်ရေး ကော်မတီကိုလည်း ပြန်လည်မွမ်းမံ ဖွဲ့စည်းထားတာပါ။

ဒါပေမယ့် မွန်ပြည်နယ် အစိုးရရဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး လတ်တလော အခြေအနေမှာတော့ သဘာဝဘေး ကြိုတင်ပြင်ဆင်မှုမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတာ မရှိဘူးလို့ ကျိုက်ဖနဲ အမှတ် ၁၆ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ ကော်မတီအရပ်ရပ်မှာ ထည့်သွင်းဖွဲ့စည်းထားတဲ့အပြင် ပြည်နယ်တဝှမ်း ဘေးဒဏ်ခံ အဆောက်အဦ တည်ဆောက်တာနဲ့ စားနပ်ရိက္ခာဝယ်ယူ စုဆောင်းနေတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအနေနဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရာမှာ ရေကြီးရေလျှံတာတွေ ဖြစ်ရင် သုံးဖို့ မြို့နယ် ၁၀ မြို့နယ် စလုံးကို စက်လှေတွေ ဖြန့်ဝေပေးထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် သဘာဝဘေးကြောင့် လူပေါင်း ၈၀ အထိ သေဆုံးခဲ့တာ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ်သိန်း ၁၂၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

 ဇော်လွင်ထွဋ်

The post မွန်ပြည်နယ်အစိုးရ သဘာဝဘေးကို စာရွက်အပေါ် ပြင်ဆင်တာထက် မြေပြင်တွင်လုပ်ရန် လိုအပ်ဟုဆို appeared first on DVB.


Viewing all articles
Browse latest Browse all 3533

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


TTA Oreo Gapp Installer


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း