Quantcast
Channel: သဘာဝပတ်ဝန်းကျင်/ရာသီဥတု – DVB
Viewing all articles
Browse latest Browse all 3533

တိုင်း ၃ တိုင်းနှင့် ပြည်နယ် ၃ ခု မိုးကြီးမည်

$
0
0

10703968_848083205215738_1485545528427595222_nတောင်တရုတ်ပင်လယ်ပြင်က တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကြောင့် ဒီကနေ စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကနေ မနက်ဖြန် စက်တင်ဘာ ၁၈ ရက် ညနေ ပိုင်းအထိ ရှမ်းပြည်နယ် တနယ်လုံး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ပေါ်နိုင်တယ် လို့ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မြစ်ကြီးတွေ ရေမြင့်တက်ဖို့ မရှိပေမယ့် ဒေသတွင်းရှိ မြစ်ငယ်ချောင်းငယ်တွေ ရုတ်တရက်ရေတက်လာတာမျိုးတွေလဲ ဖြစ်ပေါ်လာနိုင်တယ်။

တောင်ကုန်းတောင်တန်းတွေ တည်ရှိတဲ့ ရှမ်းပြည်နယ်မှာ မိုးကြီးပြီး မြေပြိုတာ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြုနေ ထိုင်ကြဖို့လည်း မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကတော့ မုန်တိုင်းငယ်အဖြစ် ရောက်မလာသေးဘဲ စောင့်ကြည့်နေတုန်းလို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။


Viewing all articles

Trending Articles